မန္တလေးမြို့ ၊ပြည်ကြီးတံခွန် သပိတ်အင်အားစု ဦးဆောင်ဆရာတော် နေထိုင်တဲ့ ကျောင်းကို စစ်ကောင်စီတပ်ဟာ လက်နက်အပြည့်အစုံနဲ့ မနေ့ကညပိုင်း ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့သိရပါတယ်။
မနေ့က ညပိုင်း ၉ နာရီခွဲလောက်မှာ ၅၁ လမ်း ၊ ၁၂၉−၁၃၀ လမ်းကြား ပြည်ကြီးတံခွန် ဆရာတော် နေထိုင်ရာ စိတ္တသုခပတ္တမြားကျောင်းတိုက် ကိုအိမ်စီးကား ၈ စီးနဲ့ စစ်ကောင်စီတပ်သားတွေရောက်လာပြီး စီးနင်းခဲ့တာလို့ပြည်ကြီးတံခွန်သပိတ်အင်အားစုထုတ်ပြန်ပါတယ်။
ဆရာတော်ကို မတွေ့တဲ့အခါ ကျောင်းတိုက်မှာရှိတဲ့ လူငယ် နှစ် ဦးကို ရိုက်နှက်ပြီး စစ်ကောင်စီတပ်သားတွေဟာ ကတ်ကြေးနဲ့ထိုးသွားလို့ တစ်ဦးဟာ ဆေးရုံတင်ထားရတယ်လို့သိရပါတယ်။
ပြည်ကြီးတံခွန်သပိတ်အင်အားစု ဦးဆောင်ဆရာတော် နေထိုင်ရာ ကျောင်းတိုက်ကို စစ်ကောင်စီဟာ ယခင်ကလည်း နှစ်ကြိမ် တိုင်တိုင်လာရောက်ရှာဖွေခဲ့တာရှိပါတယ်။
