နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံရပြီး အိုးဘိုထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦး ခိုင်လုံတဲ့အကြောင်းပြချက်မပေးဘဲ တိုက်ပိတ်ခံထားရတယ်လို့ ထောင်အသိုင်းအဝိုင်းကနေသိရပါတယ်။
ထောင်ထဲကနေ ပေးပို့လာတဲ့စာအရ အမျိုးသမီး အိပ်ဆောင် −၂ ၊အခန်း − ၃ မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦးကို အကြောင်းပြချက်မပေးဘဲ အောက်တိုဘာလ ၃ ရက် ကစတင်ကာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။
ဒီလို နိုင်ငံရေးအကျဉ်းသူ တစ်ဦးကို အကြောင်းမဲ့ တိုက်ပိတ်တာကို ပြန်ထုတ်ပေးဖို့ တောင်းဆိုသူတွေကိုပါ ပြစ်ဒဏ် တိုက်ထဲ ထည့်ထားခဲ့တယ် အဲဒီစာမှာဖော်ပြထားပါတယ်။
တိုက်ပိတ်ခံထားရတဲ့ နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေး ၊ စားရေးသောက်ရေး အတွက် စိုးရိမ်နေရတယ်လို့လည်း ရေးသားအသိပေးထားပါတယ်။
အိုးဘိုထောင်တွင်းမှာ နိုင်ကျဉ်းတွေ ဟာ ဖိနှိပ်မှုတွေကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ လပိုင်းကလည်း နိုင်ကျဉ်းတစ်ဦး ဆေးကုသမှုမရလို့သေဆုံးသွားတဲ့သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
