Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြံခိုင်ရေးပါတီရဲ့ခရိုင် ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ

ခွန်အောင်ကျော်မိုးဟာ ဘားအံမြို့နယ်အတွင်းက သာမညရွာမှာရှိတဲ့နေအိမ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ကြံခိုင်ရေးပါတီဝင်အချို့က ဝမ်းနည်းကြောင်းရေးသားထားကြပါတယ်။

ကြံခိုင်ရေးပါတီရဲ့ခရိုင် ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ
ကြံခိုင်ရေးပါတီရဲ့ခရိုင် ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ

ကြံခိုင်ရေးပါတီရဲ့ ကရင်ပြည်နယ်၊ ဘားအံခရိုင် ဥက္ကဋ္ဌ အသက် ၄၆ နှစ်အရွယ် ခွန်အောင်ကျော်မိုးဟာ ဒီနေ့မနက်ပိုင်းက နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။

ခွန်အောင်ကျော်မိုးဟာ ဘားအံမြို့နယ်အတွင်းက သာမညရွာမှာရှိတဲ့နေအိမ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ကြံခိုင်ရေးပါတီဝင်အချို့က ဝမ်းနည်းကြောင်းရေးသားထားကြပါတယ်။

နေအိမ်မှာ ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှာ ဈေးဝယ်လာသူတစ်ဦးက သေနတ်နဲ့ ၃ ချက်ပစ်ခတ်သွားတာလို့သိရပါတယ်။

ခွန်အောင်ကျော်မိုးကို ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

သေဆုံးသွားတဲ့ ခွန်အောင်ကျော်မိုးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ရဲ့ ပအိုဝ်းတိုင်း ရင်းသားရေးရာဝန်ကြီးနေရာ အတွက် ဝင်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့ ကြံခိုင်ရေးပါတီဝင်ဟာ နှစ်ထောင်ကျော် ရှိနေပြီလို့ ကြံခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းဦးသန်းဌေးက ပြီးခဲ့တဲ့ ပါတီညီလာခံမှာပြောသွားခဲ့ပါသေးတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

သတင်း

စစ်ကောင်စီတပ်သည် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးနေသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

သတင်း

ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေးကြေးမုံရွာမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။