Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက် နားမော်ရွာအနီးတိုက်ပွဲ စစ်ကိုင်းအထူးတပ်မှ PDF ရဲဘော် ခြောက်ဦး ကျဆုံး

ကချင်- စစ်ကိုင်း အစပ်ဒေသများတွင် အောက်တိုဘာ ၄ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

ဗန်းမောက် နားမော်ရွာအနီးတိုက်ပွဲ စစ်ကိုင်းအထူးတပ်မှ PDF ရဲဘော် ခြောက်ဦး ကျဆုံး
ဗန်းမောက် နားမော်ရွာအနီးတိုက်ပွဲ စစ်ကိုင်းအထူးတပ်မှ PDF ရဲဘော် ခြောက်ဦး ကျဆုံး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် နားမော်ရွာအနီးတိုက်ပွဲ၌ ပြည်သူ့ကာကွယ် ရေးတပ်(PDF) ရဲဘော် ခြောက်ဦး ကျဆုံးခဲ့ရကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော် တစ်ဦးက ပြောသည်။

ကချင်- စစ်ကိုင်း အစပ်ဒေသများတွင် အောက်တိုဘာ ၄ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

“မနေ့တုန်းက ရဲဘော် ခြောက်ဦးပေါ့။ မနေ့ ၁၁ရက်နေ့တုန်းက မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ ဖြစ်တဲ့တိုက်ပွဲမှာ ကျဆုံးတာ။ ကျွန်တော်တို့ အင်းတော် တပ်စိတ်ကမဟုတ်ဘူး။ တခြား စစ်ကိုင်းအထူး တပ်စိပ်က ကျတာပေါ့။ စစ်ကောင်စီဘက်ကလည်း အထိအခိုက် အသေအဆုံးများတယ်”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော် PDF များလည်း ဗန်းမောက်နယ်၌ တိုက်ပွဲဝင်နေကြကြောင်း Indaw Revolution က ဖော်ပြထားသည်။

“အင်းတော် – ဗန်းမောက်ဆိုတာ စစ်ကိုင်းတိုင်းနဲ့ ကချင်အစပ်ပေါ့။ ပြီးတော့ ကျွန်တော်တို့ဘက်က လမ်းက ကသာဘက်သွားရင်လည်း ရတယ်။ ထီးချိုင့်ဘက်သွားရင်လည်းရတယ်။ ကချင်ပြည်နယ်ဘက်သွားရင်လည်းရတယ်။ အနောက်ဘက်ဆို ဟုမ္မလင်းတို့ဘက်သွားရင်လည်း ရတယ်ဆိုတော့ အရေးတော့ ပါတာပေါ့။ သူတို့က အင်းတော်မြေကို ထိန်းချုပ်ချင်တာ အဓိကတော့။ စစ်ကိုင်းတိုင်းနဲ့ ကချင်အစပ်ဆိုတော့ ဒီဘက်မှာလည်း KIA၊ PDF အဖွဲ့တွေ အားကောင်းတယ်လေ။ အားကောင်းတော့ သူတို့က ထိုးစစ်ဆင်နေတာပေါ့” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ထို့ကြောင့် စစ်ရေးပြင်းထန်နေချိန်ဖြစ်၍ ပြည်သူလူထုများ ပူးပေါင်းပါဝင်ကြရန်၊ စစ်ကောင်စီတပ်များနှင့် ဝေးဝေးရှောင်ရန် ၎င်း ကဆိုသည်။

“သူတို့ကျတော့ စစ်ကြောင်းလာပြီဆိုရင် ပြည်သူတွေကို လူသားဒိုင်းအဖြစ်ခေါ်တယ်။ သူတို့ အထုပ်တွေ ထမ်းခိုင်းတယ်။ အဲဒီလို အနေအထားတွေဆိုတော့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေဖို့ပါပဲ”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

တိုက်ပွဲများ၌ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၄ရက်နှင့် ၆ရက်များ၌ လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Banmauk Revolutionကလည်း နားမော်ရွာအနီး တိုက်ပွဲသတင်းကို ဖော်ပြထားရာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ KIAနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယခင် တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အ​ပြန်လှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာ​မြင့်ပြီး နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

သတင်း

အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် - YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် - YDF က...

သတင်း

"မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ"ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။