Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထား

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် စစ်ဆေးခံရတဲ့ မောင်ဝိတ်ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ကာ စစ်ကောင်စီက တရားစွဲတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထား
ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထား

အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုပြီး စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ ၂ မှုနဲ့တရားစွဲထားတာပါ။

အဲဒီအမှု ၂ မှုကို နေပြည်တော်အချုပ်ထောင် စစ်ကောင်စီ တရားရုံးက ဒီနေ့အမိန့်ချရာ ထောင်ဒဏ် ၃ နှစ်စီ စုစုပေါင်း ၆ နှစ်ချခဲ့ပေမယ့် တစ်ပေါင်းတည်းကျခံဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် စစ်ဆေးခံရတဲ့ မောင်ဝိတ်ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ကာ စစ်ကောင်စီက တရားစွဲတာဖြစ်ပါတယ်။

မောင်ဝိတ်ရဲ့ ထွက်ဆိုချက်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူခဲ့တယ်လို့ပါရှိပါတယ်။

ဒါကိုအကြောင်းပြပြီး စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့တရားစွဲတာပါ။

ဒီနေ့ ချလိုက်တဲ့ ထောင်ဒဏ် ပါ ပါရင် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းထောင်ဒဏ် ၂၆ နှစ်ထိ ချထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အဂတိအမှုအပါအဝင် နောက်ထပ် ၅ မှုကို ဒေါ်အောင်ဆန်းစုကြည်. ရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။

မောင်ဝိတ်ကတော့ သက်သေလာထွက်ဆိုတဲ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့သွားတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒါဟာ အမှုကို မြန်မြန်ဖြတ်ပြီး ထောင် မြန်မြန်ချဖို့လုပ်နေတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

သတင်း

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃နှစ် ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။

သတင်း

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။

သတင်း

ဖမ်းခံရပြီးနောက်စစ်ဆေးရာမှာ လက်တော့ထဲမှာ မြန်မာပြည်စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုပြီး အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။