Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၆၆)မှ တပ်သားတစ်ဦး လက်နက်နှင့်ထပ်မံခိုလှုံလာဟု ကရင်နီပြည်သူ့ရင်ခွင်အသိပေး

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်
ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်

စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ ခမရ(၄)မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ ခိုလှုံလာ၍ ဆုငွေပေးအပ်ခဲ့ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ထုတ်ပြန်သည်။

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

“သူက မိုးဗြဲမှာ ထိုးစစ်ဆင်နေတဲ့ တပ်မ(၆၆)တပ်သားတစ်ဦးပါ။ကျွန်တော်တို့ စိစစ်ပြီး လက်ခံထားပါတယ်”ဟု ကရင်နီပြည်သူ့ရင်ခွင် မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်
ဓာတ်ပုံ – ကရင်နီပြည်သူ့ရင်ခွင်

ယခင်ကလည်း တပ်မ (၆၆) လက်အောက်ခံ တပ်သားများ ကရင်နီ ပြည်သူ့ရင်ခွင်ခိုလှုံမှုများရှိခဲ့ရာ စက်တင်ဘာလအတွင်းက ခလရ(၁၁)က တပ်သား သုံးဦး သေနတ် ၃လက်၊ ကျည်ဘောက်နှင့် ကျည်များ၊ လက်ပစ်ဗုံးများနှင့်အတူ CDM ပြုလုပ်ခဲ့ဖူးသည်။

ကရင်နီပြည်သူ့ ရင်ခွင်က စစ်ကောင်စီတပ်သားများ CDM ပြုလုပ်လာမှုကို ပြည်သူလူထုအား အသိပေးမှုများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာမှ ယနေ့အောက်တိုဘာ ၁၂ရက်အထိ ပြည်သူ့ ရင်ခွင်ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင် စာမျက်နှာမှ ဖော်ပြထားသည်။

CDM စစ်သားများအနက် စစ်ကောင်စီတပ်ကို ပြန်လည်ခုခံရာတွင် ကျရာကဏ္ဍမှ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့်သူများ ရှိသကဲ့သို့ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည့် သူများလည်း ရှိကြောင်း ကာယကံရှင် CDM စစ်သည်များက ပြည်သူလူထုသို့ အသိပေး ပြောဆိုထားကြသည်။

ကရင်နီ(ကယားပြည်နယ်)တွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားမှုရှိနေပြီး ကရင်နီတပ်မတော် (KA) အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် PDFတပ်တို့မှ ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေး ဆက်လက် အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ကြောင်း AAက ထုတ်ပြန်သည်။

သတင်း

ကလေးငယ်များကိုပင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေသည့် ရန်သူစစ်အာဏာ ရှင် အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဆက်သွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။