Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတရား​ရေးဒုဝန်ကြီး၊ ဒုရှေ့နေချုပ်ဦးစန်းလွင်အသက်ရှုကျပ်နှလုံးရပ်ပြီးရုတ်တရက်သေဆုံး

အသက် ၇၂ ခန့်အရွယ်ရှိဦးစန်းလွင်သည်စစ်အုပ်စုကအာဏာသိမ်းယူပြီးနောက်၂၀၂၁အသစ်ဖွဲ့စည်းခဲ့သည့်ဥပဒေရေးရာဝန်ကြီးဌာန၏ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်တာဝန်ကိုယူခဲ့သူဖြစ်သည်။

(စစ်​ကောင်စီ၏တရား​ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးစန်းလွင်)
(စစ်​ကောင်စီ၏တရား​ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးစန်းလွင်)

စစ်ကောင်စီဖွဲ့စည်းခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဦးစန်းလွင်သည်ယ‌နေ့နံနက်အစောပိုင်းတွင် အသက်ရှုကျပ်ပြီး နှလုံးရပ်ကာ ရုတ်တရက်သေဆုံးသွားသည်။

ဦးစန်းလွင်သည် ယနေ့(အောက်တိုဘာလ၁၂ရက်) နံနက် ၁နာရီခန့်တွင် နေပြည်တော်၌ ရုတ်တရက် သေဆုံးသွားခြင်းဟု ‌တရားရေးအသိုင်းအဝိုင်းက People’s Springသို့ အတည်ပြု​ပြောကြားသည်။

ဦးစန်းလွင် သေဆုံးရသည့်အကြောင်းရင်းကို မဖော်ပြဘဲ ရုတ်တရက်သေဆုံးသွားသည်ဟုသာသူ၏မိသားစုဝင်များနှင့် တပည့်အချို့က လူမှုကွန်ရက်၌ ကနဦးရေးတင်ခဲ့ကြသည်။ဦးစန်းလွင်၏ မိတ်ဆွေများနှင့်တပည့်များက လူမှုကွန်ရက်မှတဆင့် မေးမြန်းကြရာ”ညကအထိ အကောင်း။နေကောင်းပါတယ်။အိပ်နေရင်းရင်ကြပ်လာလို့ဆေးရုံ သွားကြတာ။ဟိုရောက်တော့ မရတော့တာ။နှလုံး မခုန်တော့တာတဲ့လေ” ဟု ဦးဆန်းလွင်၏သမီးဖြစ်သူက လူမှုကွန်ရက်မှတဆင့်ရှင်းပြထားသည်ကိုတွေ့ရသည်။

အသက် ၇၂ ခန့်အရွယ်ရှိဦးစန်းလွင်သည်စစ်အုပ်စုကအာဏာသိမ်းယူပြီးနောက်၂၀၂၁အသစ်ဖွဲ့စည်းခဲ့သည့်ဥပဒေရေးရာဝန်ကြီးဌာန၏ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်တာဝန်ကိုယူခဲ့သူဖြစ်သည်။

ဥပဒေရေးရာဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးနှင့်ရှေ့နေချုပ်ဒေါက်တာသီတာဦးသည် ဦးစန်းလွင်၏ တပည့်ဖြစ်ခဲ့ဖူးသည်။ထို​ကြောင့်တပည့်ဖြစ်သူ၏လက်အောက်၌ ပြန်၍တာဝန်ထမ်းဆောင်ခဲ့သည့်အပေါ် တရားရေးအသိုင်းအဝိုင်းကဝေဖန်ခဲ့ကြဖူးသည်။

ဦးစန်းလွင်သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ရှေ့နေချုပ်ရုံး၊ဥပဒေရေးဆွဲရေးဌာန၊ဥပဒေဘာသာပြန်ဌာနခွဲညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေစဉ် အငြိမ်းစားယူခဲ့သည်။

ထို့နောက်ဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌအဖြစ်ထမ်းဆောင်စဉ်ဖွဲ့စည်းခဲ့သည့် အထူးကိစ္စရပ်များနှင့်ဥပဒေရေးရာကိစ္စရပ်များဆန်းစစ်လေ့လာသုံးသပ်သူမျာကော်မရှင်အဖွဲ့တွင် ပါဝင်ခဲ့ဖူးသည်။

ထို့နောက်ပိုင်းတွင် Law Farmတစ်ခုထူထောင်ပြီးပညာရှင်အဖြစ်ရပ်တည်နေစဉ် အာဏာသိမ်းမှုကြုံ​သောအခါစစ်ကောင်စီလက်အောက်သို့ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။ သေဆုံးချိန်တွင် ၇၂နှစ်ခန့်ရှိပြီဖြစ်သည်။

” တော်တော်များများက ဒုတိယရှေ့နေချုပ်နေရာကိုလက်ရှောင်ကြတယ်။ ဒေါက်တာသီတာဦးလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ကြဘူး။ သူကတော့ စစ်ကောင်စီနဲ့ ‌ဒေါက်တာသီတာဦးထက် တဆင့်နိမ့်ပြီး တာဝန်‌ထမ်းဆောင်ခဲ့တယ်”ဟု တရားရေးအရာရှိတစ်ဦးကပြောသည်။

CDMတရားရေးဝန်ထမ်းတစ်ဦးက ” ဦးစန်းလွင် ဥပဒေပညာရပ်မှာ အရမ်းတော်ချင်တော်လိမ့်မယ်။သူ့ရပ်တည်မှုကတော့ လမ်းဘေးမှာတောင်းစားနေပေမယ့် လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကိုတော်လှန်ခဲ့တဲ့သူဖုန်းစားလောက် အဆင့်မရှိဘူး”ဟုသူ၏အမြင်ကို​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ - နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

သတင်း

မီးရှို့ပြီးထွက်သွားသည့် စစ်ကြောင်းသည် ရှင်မတောင် တောင်ခြေသို့ထွက်သွားခဲ့ပြီး လမ်းတွင်ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် - YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် - YDF က...