မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ယောကာကွယ်ရေးတပ် – YDFမှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် – YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF က အသိပေးသည်။
ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုးနှင့် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့သည် ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း အမိနိုင်ငံတော်အတွက်အသက်ကို ပေးလှူခဲ့ကြောင်း၊ ယောကာကွယ်ရေးတပ် – YDF က ယူကျုံးမရ ဖြစ်ရပြီး ၎င်းတို့၏ ပေးဆပ်မှုအတွက် ဂုဏ်ယူမိကြောင်း၊ ဆက်လက်၍ မပြီးပြတ်သေးသော အာဏာရှင် စနစ်တော်လှန်ရေးကို ပြီးဆုံးအောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ယောကာကွယ်ရေးတပ်ဖွဲ့က ကတိသစ္စာ ပြုသည်။
