Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဟတ်ယာဉ်အမှု စစ်ကောင်စီတရားရုံး သက်သေကုန်အောင် မစစ်တော့

ဒါဟာ အမှုကို မြန်မြန်ဖြတ်ပြီး ထောင် မြန်မြန်ချဖို့လုပ်နေတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

ရဟတ်ယာဉ်အမှု စစ်ကောင်စီတရားရုံး သက်သေကုန်အောင် မစစ်တော့
ရဟတ်ယာဉ်အမှု စစ်ကောင်စီတရားရုံး သက်သေကုန်အောင် မစစ်တော့

ရဟတ်ယာဉ် ဌားရမ်း ၊ဝယ်ယူ မှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ နဲ့စွဲဆိုထားတဲ့ အမှုမှာ စစ်ဆေးရမယ့် သက်သေတွေ ကျန်နေပေမယ့် ဆက်မစစ်တော့ဘဲ စစ်ကောင်စီ တရားရုံးက စွဲချက် တင်တော့မယ်လို့သိရပါတယ်။

အမှုအတွက် စစ်ကောင်စီဘက်က ပြထားတဲ့ တရားလိုပြ သက်သေ ၄ ဦးကျန်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီသက်သေတွေကို ဆက်မစစ်တော့ဘဲ လာမယ့် တနလာၤနေ့ရုံးချိန်းမှာ စွဲချက် တင်သင့် မတင်သင့် ၂ ဖက်လျှောက်လဲချက် ပေးဖို့ တရားသူကြီး က ဒီနေ့ တရားခွင်မှာပြောလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။

ဒါဟာ အမှုကို မြန်မြန်ဖြတ်ပြီး ထောင် မြန်မြန်ချဖို့လုပ်နေတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိသလို နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။

ဒီလို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

တရားစွဲရာမှာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့တရားစွဲတာလည်းဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် - YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် - YDF က...

သတင်း

"မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ"ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

သတင်း

ဗန်းမောက်နယ်တွင် အောက်တိုဘာ ၄ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ရဲများကို KIA/PDF ပူးပေါင်း တိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအပြီးတွင် PDFတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သား အလောင်းများကို တန့်ဆည်မြို့ဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။