မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရွှေတောင်တိုက်နယ်ရဲစခန်း ဒရုန်းဖြင့် ဗုံးသုံးကြိမ်ချတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (အောက်တိုဘာ၁၁ ရက်)နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ရဲစခန်းကို ဒရုန်းဖြင့်သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခံရပြီး မည်သည့်အဖွဲ့က လုပ်ဆောင် သွားသည်ကို မသိရသေးကြောင်း Voice Of Wundin က ပြောသည်။
“စခန်းထဲမှာ ငိုယိုအော်ဟစ်နေကြတာ ညံနေတာပဲတဲ့ဗျာ။ ရွှေတောင်တန်းဝါးဆိုင်မှာ ကင်းပုန်းများရှိပါတယ်။ ဘယ်အဖွဲ့စည်းက ကျဲသွားသည်ဆိုတာတော့မသိရသေးပါ။”ဟု Voice Of Wundin က ပြောသည်။
စခန်းအတွင်းရှိ စာရေးနှင့် နယ်ထိန်းတစ်ဦးအား ကားဖြင့်တင်ဆောင်သွားပြီး သေဆုံးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။
“ဒရုန်းနဲ့တဲ့။ အရှေ့မြောက်ကလာလို့ အခု ကျားသေကန်ဘက်ကို သွားကုန်ကြတယ်တဲ့။အခုရွှေတောင်မှာ စခရခ အင်အားခန့်မှန်း လေးငါးဆယ် ရောက်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ယာယီစခန်းမှူးအား ဝမ်းတွင်းအခြေစိုက် WTRFအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။
