Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တိုက်ပွဲ စစ်ကောင်စီအထိနာပြီးဗုံးသီးနှင့်ကျည်များ ရရှိ၊ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် ယနေ့ ထပ်မံ တိုက်ခိုက်

ဗန်းမောက်နယ်တွင် အောက်တိုဘာ ၄ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ရဲများကို KIA/PDF ပူးပေါင်း တိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ ဓါတ်ပုံ-BR)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ ဓါတ်ပုံ-BR)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ယခုလအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ ဗုံးသီးနှင့် ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း Banmauk Revolution က ယနေ့ အသိပေးထုတ်ပြန်သည်။

ဗန်းမောက်နယ်တွင် အောက်တိုဘာ ၄ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ရဲများကို KIA/PDF ပူးပေါင်း တိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

အောက်တိုဘာ ၄ရက်တွင် ဗန်းမောက်နယ် ကျောက်မဲတောင်အနီး တိုက်ပွဲဖြစ်ပွားပြီး ယင်းနေ့ညပိုင်း၌ ဗန်းမောက်ရဲစခန်းကို KIA /PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ အဆိုပါ ရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များပြားခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၅ရက်နှင့် ၆ရက် တွင်လည်း ဗန်းမောက်မြို့နယ် ကျောက်အိုင်ရွာ အနီးတွင် တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း Banmauk Revolutionက ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ဗန်းမောက်နယ် ကျောက်အိုင်ရွာနှင့် စီးမော်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ တိုက်ပွဲများ၌ ထိနာသည့် စစ်ကောင်စီတပ်သည် တပ်ဖျောက်ထားရမြှ ယနေ့ အောက်တိုဘာ ၁၁ရက် နေ့လည်ပိုင်း၌ နားမော်ရွာဘက်သို့ စစ်ကြောင်းထိုးလာရာ KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့၍ တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

ယခင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးများစွာရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားပြီး ပူးပေါင်းတပ်မှလည်း ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ဒေသခံ အချို့ တောထဲသို့ ဟင်းရှာထွက်ရာ မိုင်းနင်းမိ၍ မိန်းကလေး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်၌ အပြန်အလှန် မိင်းထောင်မှုများ ရှိ၍ တောထဲသို့ ဟင်းရှာခြင်းမပြုရန် နီးစပ်ရာများက သတိပေး ပြောကြားစေလိုကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းပစ်၍ ပြည်သူတစ်ဦးဝမ်းဗိုက်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ"ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

သတင်း

တိုက်ပွဲအပြီးတွင် PDFတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သား အလောင်းများကို တန့်ဆည်မြို့ဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သတင်း

ဘူးသီးတောင်မြို့နယ်ဟာ AA နဲ့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း ပို့ဆောင်ပေးခဲ့တာလို့သိရပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကြီးကြီးထားပြီး နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကိုအသိပေးပါတယ်။