▪︎CDF ဆဲန်ထန်ထံပူးပေါင်းလာသောစစ်သားနှင့် ရဲ ၁၂ ဦးရှိလာ
ချင်းပြည်နယ် ဟားခါးမြို့မ ရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် သေနတ် နှစ်လက်ဖြင့် ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းလာကြောင်း ဟားခါးမြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) – ဆဲန်ထန်က သတင်းထုတ်ပြန်သည်။
ဟားခါးမြို့မ ရဲစခန်းမှ ရဲဘော် မောင်နီမန်သည် အောက်တိုဘာ ၈ရက်တွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိ CDF(ဆဲန်ထန်) ထံ စစ်သား ၁၁ ဦး နှင့်ရဲတပ်သား တစ်ဦး စုစုပေါင်း ၁၂ ဦး CDMဝင်ရောက်ခဲ့ပြီး ဖြစ်သည်ဟု CDF(ဆဲန်ထန်)က တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုပြည်သူ့ရင်ခွင်ခိုလှုံသောရဲတပ်သားအနေဖြင့်သေနတ်နှစ်လက်ကျည်များယူဆောင်လာကြောင်းဖော်ပြထားသည်။
“ရန်သူ့လက်နက်ကို ပြည်သူ့ထံသို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်မှုအပေါ် အထူးလေးစားဂုဏ်ပြုအပ်ပါသည်”ဟု CDF ဆဲန်ထန်က ထုတ်ပြန်သည်။
ထိုသို့ လာရောက်ပူးပေါင်းသည့် ပြည်သူ့ရဲအား နွေးထွေးစွာ ကြိုဆိုပြီး ဆုငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ချီးမြှင့်ပြီး လုံခြုံရာသို့ ပို့ဆောင်ပေးပြီးဖြစ်သည်ဟု အသိပေးထားသည်။
