စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထဲက စစ်ဘေးရှောင်ပြည်သူ ၂ဦး ဒီနေ့မနက်ပိုင်းက မြေကိုက်ခံရလိုက်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
မြေကိုက်ခံရသူ စစ်ရှောင် ပြည်သူ ၂ ဦးဟာ အသက် ၁၄ နှစ်အရွယ်ကျောင်းသား နဲ့အသက် ၃၀ အရွယ်လူလတ်ပိုင်းအမျိုးသားတို့ဖြစ်တယ်လို့သိရပါတယ်။

၂ ဦးလုံးကို မြွေဆိပ်ဖြေဆေး ထိုးပေးထားပေမယ့် ကျောင်းသားလေးဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေသခံကျန်းမာရေးဝန်ထမ်းတွေ ရဲ့ပြောပြချက်ကို ကိုးကားပြီး ကျွန်းလှတက်ကြွသူများအဖွဲ့က ပြောထားပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ ကန့်ဘလူနယ်မြောက်ခြမ်းမှာ ဒီနှစ် ဇွန်လ ကစတင်ပြီး စစ်ရှောင်ခဲ့ရကာ စစ်ရှောင်ပြည်သူ ၂၀ ဦးအထိမြွေကိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
မြွေကိုက်ခံရသူတွေထဲမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ၊မြွေဆိပ်ဖြေဆေး အလွယ်တကူမရတာတွေကြောင့် ပြည်သူ ၂ ဦး အသက်ဆုံးပါးခဲ့ရပါတယ်။
