Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ္တလင်းမြို့နယ် ကရင်ဆင်စွဲရွာသို့လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို

ယမန်နေ့ (အောက်တိုဘာ ၈ ရက်)နံနက် ၁၀ နာရီခွဲက နတ္တလင်းမြို့နယ် ကရင်ဆင်စွဲရွာဘက်သို့ အင်အား ၂၃ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အဆိုပါရွာထိပ်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

People's Spring
People's Spring

ပဲခူးတိုင်း နတ္တလင်းမြို့နယ် ကရင်ဆင်စွဲကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)MRF-Nattlin က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၈ ရက်)နံနက် ၁၀ နာရီခွဲက နတ္တလင်းမြို့နယ် ကရင်ဆင်စွဲရွာဘက်သို့ အင်အား ၂၃ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အဆိုပါရွာထိပ်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း MRF-Nattlin က ပြောသည်။

“သူတို့က ပဲခူးရိုးမအစပ်က တောင်ညိုဆည်မှာ အထိုင်ထားပြီး အဲဒီကနေ ရိုးမကရွာတွေကို အမြဲစစ်ကြောင်းထိုးနေတာပါ”ဟု MRF-Nattlin မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်ဆင်စွဲရွာအပါအဝင် တောင်ညိုဆည်အနီးဝန်းကျင်ရှိကျေးရွာများသို့ ဝင်ရောက်ကာ လမ်းပြလုပ်ခိုင်းခြင်း၊ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းစေခြင်း စသည်တို့ကို ပြုလုပ်သည့်အပြင် ၎င်းတို့နှင့်မပူးပေါင်းပါက ကျေးရွာများကို မီးရှို့မည်ဟု ခြိမ်းခြောက်မှုများလုပ်ဆောင်နေသည်ဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄) MRF-Nattlin အနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုင်များအား စဥ်ဆက်မပြတ် တိုက်ခိုက်ချေ မှုန်းသွားမည်ဖြစ်၍ ပြည်သူများ ၎င်းတို့နှင့် နီးကပ်စွာနေထိုင်ခြင်းမပြုကြရန် သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဆောင်းပါး

"လက်နက်အင်အားကောင်းရင် တစ်နှစ်အတွင်းဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ လက်နက်မရှိလို့ မတိုက်ဖူးဆိုတာလည်း မဟုတ်ဘူး။ တိုက်ရင်း လက်နက်စုမယ်။ စုရင်းတိုက်မယ်။ တစ်နှစ်ဆိုတဲ့ အချိန်က လုံလောက်ပါတယ်။ လက်ရှိ PDFတွေက နယ်မြေတွေ စိုးမိုးထားတာတွေရှိတယ်။ အဓိက လိုအပ်တာက အဆုံးသတ်ဖို့ပါပဲ။ LDFတွေ၊ ပကဖတွေက အရင်ကထက် ပိုပြီး စည်းလုံးဖို့လိုတယ်။...

သတင်း

အောက်တိုဘာ ၆ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း Banmauk Revolutionက ဖော်ကြပသည်။

သတင်း

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေ ရလမ်းတစ်ခုဖြစ်တဲ့ကျောက်မျက် ပြပွဲတွေကို နေပြည်တော်မှာ ကျင်းပတာရှိခဲ့ပါတယ်။

သတင်း

"တံတားကြီးဂိတ်ကို (၄၀)မမနဲ့ကျုံးတာ။ ဂိတ်ထဲ ပေါက် ကွဲ၊ သီတင်းကျွတ် ဗြောက်အိုးဖောက်တာပါ။ တော်လှန်သီတင်းကျွတ်အနေနဲ့ တော်လှန် မမ နဲ့ပစ်တာ"ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။