သီတင်းကျွတ်ကုသိုလ်အ ဖြစ် စစ်ရှောင်ပြည်သူများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်ချိုးဖြူပြောက်ကျားတပ်(JPGF)က ယနေ့(အောက်တိုဘာ ၉)တွင် ထုတ်ပြန်သည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့(PST)တပ်ခွဲမှသီတင်းကျွတ်လပြည့်နေ့အကြို ကုသိုလ်ကောင်းမှုအနေဖြင့်အောက်တိုဘာ ၇ ရက်ကစစ်ဘေးရှောင်ပြည်သူများအားဆန်၊ဆီ၊ဆားအပါအဝင်အခြားသောအခြေခံစား သောက်ကုန်များအားသွားရောက်လှူဒါန်ခဲ့သည်ဟုဖော်ပြသည်။
“ယခုလို အရေးပေါ်စားနပ်ရိက္ခာများလိုအပ်လျက်ရှိနေသောစစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းနိုင်ရန်အတွက်မိမိတို့ချိုးဖြူတပ်ဖွဲ့ သို့ လှူဒါန်ထားသောအလှူငွေများအားခြိုးခြံချွေတာသုံးစွဲပြီး ထမင်းတစ်နှပ်၊ ဟင်းတစ်ခွက်လျော့စားကာ စစ်ရှောင်ပြည်သူများအား ပြန်လှည်မျှဝေလှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်”ဟု JPGFကအသိပေးထားသည်။


အထက်ပါကဲ့သို့ လှူဒါန်းနိုင်ရန် JPGF တပ်ဖွဲ့ထံသို့ ဦးဥာဏ်ဦး(US)မိသားစုမှအမေရိကန်ဒေါ်လာ(၃၀၀)နှင့်Young(TGI) မှ တစ်သိန်းခွဲ (၁၅၀,၀၀၀)ကျပ်အား ပါဝင်လှူဒါန်းပေးခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည်။
ပြည်သူမှာ ပြည်သူသာရှိသောကြောင့် ပြည်သူများအနေဖြင့် မိမိတတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပါဝင်ပေးကြပါရန် JPGF က မေတ္တာရပ်ခံထားသည်။
