စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Taze Revolution Force-TRF က ထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ ၉ရက်) နံနက် ၁၁နာရီခန့်က ရွှေဘိုနှင့်ကန့်ဘလူ ဒေသကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲကင်းစခန်းကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးတစ်လုံး၊ လက်လုပ်ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Taze Revolution Force-TRF က ပြောသည်။
“ပျူစောထီးနှင့်စစ်ွေးများနားနေသော သစ်ပင်ရိပ်အောက် တည့်တည့်ကျသွားပြီး သေနတ်များလည်း ရမ်းသမ်းပစ်ခတ်နေပါတယ်။ထိခိုက်မှုတိတိကျကျမသိရသေးပါ။”ဟု Taze Revolution Force-TRF က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၆) ရွှေဘို Taze Revolution Force-TRFနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ TRFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
TRFအဖွဲ့သည် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးချကာ တိုက်ခိုက်ခဲ့သေးသည်။
