▪︎မြ၀တီ-ဝေါ်လေလမ်း၌ စစ်ကောင်စီတပ်များ ကျူးကျော်ရန်ကြိုးစားမှု မအောင်မြင်ဘဲ သေဆုံးဒဏ်ရာရ များစွာဖြင့် အထိနာနေဟုကော်ဘရာစစ်ကြောင်းပြော
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေရှိ စစ်ကေင်စီ တပ်များကို ယနေ့နေ့လယ်ပိုင်းမှာစနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ယနေ့ (အောက်တိုဘာ ၈ရက် )နေ့လည်ပိုင်းတွင် မြ၀တီ -ဝေါ်လေလမ်း တောင်နီကျေးရွာအနီးရှိ တောင်ကုန်း၌ အခြေပြုနေသည့် စစ်ကောင်စီ၏ ခမရ (၁၀၄) အား ကော်ဘရာ စစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
“ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ (၁၀၄)တပ်က တောင်နီကျေးရွာနားမှာ အခြေပြုထားပါတယ်။ ဒီ ခမရ (၁၀၄)ကို KNLA တပ်ရင်း(၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တွေက တောက်လျှောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ နေ့စဉ်

ရက်ဆက်ဆိုသလို ဒရုန်းနဲ့ ဗုံးကြဲချတာတွေ၊ လက်ဖြောင့်စနိုက်ပါ စစ်သည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နေ့စဉ် ရက်ဆက်ဆိုသလို အကြမ်းဖက် စစ်ကောင်စီဘက်က ကျဆုံးမှုတွေရှိနေတာကို ကျွန်တော်တို့ သတင်း ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ကော်ဘရာစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောသည်။
ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။
မြ၀တီ- ဝေါ်လေ ကားလမ်း မြောက်ဘက်ပိုင်းရှိ လူခို့ဒေသတွင်လည်း စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း ၃ရင်းက ကျူးကျော်ရန် ကြိုးစားနေ၍ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီး ပစ်ခတ်တာတွေ ချေမှုန်းရေး စစ်သည်များက မြေပြင်၌ တိုက်ပွဲဝင်နေခြင်းများရှိသည်ဟု ၎င်းကဆက်ပြောသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းတို့ရဲ့ ရည်မှန်းချက်ကို တက်ရောက်နိုင်ခြင်းမရှိဘဲ ရောက်တဲ့နေရာမှာ ရပ်တန့်နေပြီးတော့ ထိခိုက်သေဆုံးမှုတွေရှိနေတာလည်း ဖြစ်ပါတယ်ဗျ”ဟု ကိုမျိုးသူရကိုကိုကရှင်းပြသည်။
စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူများသုံးပြီး ကော်ဘရာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ရှိရာသို့မြေပြင် တပ်ရင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။
