Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်းကုလပြော

တရားမဝင်စစ်အာဏာသိမ်းမှုအပြီး မီဒီယာများကိုဖိနှိပ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုတပ်ခြင်း၊ အကျဥ်းချခြင်း နှင့် သတင်းဌာနရုံးခန်းများကို စီးနင်းခြင်း စသည့် ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ယူနက်စကိုက မှတ်တမ်းတင်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)

မြန်မာသတင်းသမားများအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ် ယူနက်စကို၏စာရင်းပြုစုချက်အရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ အနည်းဆုံး သတင်းသမား ၁၇၀ ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၁၂ ဦးအပါအဝင် ၇၀ နီးပါးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ကုလပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဆိုသည်။

တရားမဝင်စစ်အာဏာသိမ်းမှုအပြီး မီဒီယာများကိုဖိနှိပ်မှု၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ရာဇဝတ်မှုတပ်ခြင်း၊ အကျဥ်းချခြင်း နှင့် သတင်းဌာနရုံးခန်းများကို စီးနင်းခြင်း စသည့် ဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ယူနက်စကိုက မှတ်တမ်းတင်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)
(၂၀၂၁ ​ဖေ​ဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ​ပွဲများသတင်းရယူ​နေစဥ် စစ်​ကောင်စီတပ်က အကြမ်းဖက်၍ ထွက်​ပြေးရင်းဓါတ်ပုံရိုက်ကူး​နေ​သောသတင်း​ထောက်တစ်ဦးနှင့် ဖမ်းဆီးခံရ​သောသတင်း​ထောက်တစ်ဦး ။ ဓါတ်ပုံ-ရိုက်တာ ၊AFP)

ထို့အပြင် အမျိုးသမီး ၇ ဦးအပါအ၀င် သတင်းသမား ၄၄ ဦးဟာ ဒေသဆိုင်ရာ တရားရုံးများ၏ ရာဇ၀တ်မှုများဖြင့် တရားစွဲဆို ထောင်ချခံထားရပြီး သတင်းသမားများသည် မိုဘိုင်းဖုန်းများနှင့် လူမှုကွန်ရက်ပလက်ဖောင်းများ၏ ဒီဂျစ်တယ်စောင့်ကြည့်ခြင်းကိုခံနေရကြောင်း သိရသည်။ ယူနက်စကိုသည် သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန်၊ ခုခံရန် ဆက်လက် ကတိကဝတ်ပြုကြောင်း ပြောသည်။

ယင်းနောက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များက အကူအညီလိုအပ်ချက်အသစ်များကို တုန့်ပြန်ဆောင်ရွက်ရန် ဆက်လက်လုပ်ဆောင်နေကြပြီး ယခုနှစ်ပထမနှစ်ဝက်တွင် ကူညီထောက်ပံ့မှုလိုအပ်နေသူ လူပေါင်း ၃.၁ သန်းထံ တနည်းနည်းဖြင့် အကူအညီပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု Stephane Dujarric က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှုသည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှုအရသော်လည်းကောင်း အလျဉ်းမရှိကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။

သတင်း

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

သတင်း

ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ၏ ၂၀၁၈ မတ်လအစီရင်ခံစာအရ ၁၉၈၇ ခုနှစ်မှစ၍ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် ယင်းအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက်သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့သည်။

သတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကျင်းပနေဆဲ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။