စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးအဖွဲ့ကို ဒရုန်းအသုံးပြုကာ (၄၀)မမ ဗုံးသီးချ၍ ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း တပ်ရင်း (၁၆)Taze Revolutiin Force – TRF က ယနေ့(အောက်တိုဘာ ၈)ထုတ်ပြန်သည်။
ယနေ့နံနက် ၃ နာရီ ၄၅ ခန့်က မူးတိန်ရွာမှ ကင်းစောင့်နေသော ပျူစောထီးအဖွဲ့ကို TRF ဒရုန်းအဖွဲ့က (၄၀)မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကင်းစောင့်နေတဲ့နေရာကို မြေပုံကနေကြည့်ပြီးချတာ တည့်ကျတယ်။ ကွဲသံကတော့ တော်တော် ပြင်းပြင်းကြားရတယ်။ ထိခိုက်မှု့တော့ မသိရသေးဘူး”ဟု TRF ဒရုန်းအဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း ကန့်ဘလူမြို့နယ် မြေတူးကျေးရွာ အနောက်ဘက် ညောင်ပင်အနီး လမ်းကမ်းဘေးတွင် လမ်းသွားလမ်းလာများအား ငွေတောင်းခံရန် ဂိတ်ဖွင့်စစ်ဆေးနေသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂၀ခန့်ကို TRF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။
TRFအနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များကို နေ့ရောညပါ စိတ်မလုံခြုံအောင် ကြုံသလိုတိုက် ခိုက်သွားမည်ဖြစ်ဟု ကြုံးဝါးထားသည်။
