မန္တလေးကျုံးဘေးမှာ သီတင်းကျွတ်ပွဲတော် ကို စစ်ကောင်စီက ဦးစီးကျင်းပမှာဖြစ်ပြီး စည်ကားအောင် ဒေသခံတွေကို ဖိတ်ခေါ်နေတယ်လို့သိရပါတယ်။
မနှစ်က မန္တလေးမှာ သီတင်းကျွတ်ပွဲတော် ကို စစ်ကောင်စီက မကျင်းပနိုင်ခဲ့ပေမယ့် ဒီနှစ်မှာကျင်းပမှာဖြစ်ပါတယ်။
သီတင်းကျွတ်ပွဲတော် စည်ကားတယ်ဆိုတာ ပြသနိုင်အောင် ဖျော်ဖြေရေးအပြင် ၊ စတုဒီသာမဏ္ဍပ်တွေပါ စစ်ကောင်စီက ထည့်သွင်းထားပါတယ်။
ပွဲတော်ကာလမှာ မြို့ ခံလူထုကို ဆွဲဆောင်နိုင်ဖို့ စစ်ကောင်စီဟာ ဖျော်ဖြေရေးအတွက် မြို့ မအဖွဲ့နဲ့ ၊ကျောက်ဆည်ဆင်ကအဖွဲ့ကိုပါ ထည့်သွင်းထားတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။
ကုန်းဘောင်မင်းဆက် ရဲ့ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လူသတ်မှုတွေ ၊ လုယက်မှုတွေ ၊ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
