Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီတွင် စစ်ကောင်စီ၏ စစ်သင်္ဘောအား ပစ်ခတ်တိုက်ခိုက်ရာ ငါးဦးသေဟုဆို

စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာ စနိုက်ပါကျည်ထိပြီး ရေထဲ ကျသွားကြောင်း KLG PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီ၏ ရေယာဥ်တန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-KLG
စစ်ကောင်စီ၏ ရေယာဥ်တန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-KLG

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောနှင့်ရေယာဥ်များအား ဒေသတွင်း(ပကဖ)များ ပူးပေါင်းတိုက်ခိုက်ရာ သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး စနိုက်ပါကျည်ထိမှန်ပြီး ရေထဲထိုးကျသွားကြောင်း KLG PDF(ကျောက်လုံးကြီး)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(အောက်တိုဘာလ ၇ ရက်) နံနက် ၇နာရီခန့်က ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ စစ်သင်္ဘောအပါအဝင် ၁၃စီးကို ကြောင်မျှော်တောင်အရောက်တွင် ဒေသခံပကဖများနှင့် ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF(ကျောက်လုံးကြီး)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာ စနိုက်ပါကျည်ထိပြီး ရေထဲ ကျသွားကြောင်း KLG PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲဒီစစ်ကောင်စီတပ်က ၆ ရက်နေ့က ကနီမြို့ပေါ်ကနေထွက်ပြီး ကနီမြို့နယ် အုမ္မရွာကို ညအိပ်စခန်းချခဲ့တယ်ဗျ။ ဒီနေ့မနက် ၆ နာရီ အုမ္မရွာကနေ စထွက်တယ်ဗျ။ ခန္တီးထိ တက်မှာဗျ။”ဟု KLG PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စက်တင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီ၏ စစ်သင်္ဘောအပါအဝင် ၁၃စီးကို ကနီမြို့နယ် ကမ်းပြိုရွာအရောက်တွင် KLGPDFအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လတ်တလော စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသနှင့် ပလက်၀မြို့နယ်တို့တွင် စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

သတင်း

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။