Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံခရိုင်၌ စက်တင်ဘာအတွင်း ထိတွေ့ပစ်ခတ်မှု ၄၀နီးပါးဖြစ်၊ စစ်ကောင်စီတပ် ၄၈ဦးသေဟု KNU ထုတ်ပြန်

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်သား နှစ်ဦးလက်နက်နှင့် အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေတွင် စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှု ၃၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၈ဦး သေဆုံးကာ ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်မှ MA (၂) လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၃၉၀)တောင့်နှင့် ခြောက်လုံးပြူးအတို (၁) လက်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များမှ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှုများ၌စစ်ကောင်စီ စစ်ကား (၁၀) စီးပျက်စီးခဲ့ကြောင်း၊ လက်နက်နှင့် အလင်း ဝင်ပူးပေါင်းလာသူ စစ်ကောင်စီ တပ်သား နှစ်ဦးရှိကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားလူနေအိမ် (၄)လုံးနှင့် ကား (၁)စီးပျက်စီးခဲ့ရပြီး အရပ်သားများ မွေးမြူထားသော ကျွဲ၊ နွားများလည်း ထိမှန်သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တပ်စွဲထားသောတပ်စခန်းများ ပြုပြင်ရန်နှင့် ထပ်မံတိုးချဲ့ရန် ဒေသခံလူထုထံ သစ်၊ ဝါးများအဓမ္မ တောင်းယူခြင်းများလည်းရှိသည်ဟု KNUက ထုတ်ပြန် သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

သတင်း

စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာ စနိုက်ပါကျည်ထိပြီး ရေထဲ ကျသွားကြောင်း KLG PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တမူးမြို့မှ စစ်ကောင်စီတပ်သည် ကလေးမြို့အခြေစိုက် ခြေလျင်တပ်ရင်းတစ်ခုဖြင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် စက်တင်ဘာလကစ၍ ကြိုးစားနေခြင်းဖြစ်သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။