Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနှင့် PDFများအကြား ညီညွတ်မှုကိုသံသယမဖြစ်ရန် သထုံခရိုင် မိတ်ဖက်ကော်မတီ အသိပေး

KNU သထုံခရိုင် တပ်မဟာ(၁)ဒေသတွင်းရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ပါဝင်ပြီး တပ်ပေါင်းစုအသွင်ဖြင့် ဖွဲ့စည်းထားကြောင်း၊ မိတ်ဖက်များကြားလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ စီရင်ထုံးများသည်လည်း အထင်အရှားရှိပြီးဖြစ်ကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီက ထုတ်ပြန်ထားသည်။

KNUနှင့် PDFများအကြား ညီညွတ်မှုကိုသံသယမဖြစ်ရန် သထုံခရိုင် မိတ်ဖက်ကော်မတီ အသိပေး
KNUနှင့် PDFများအကြား ညီညွတ်မှုကိုသံသယမဖြစ်ရန် သထုံခရိုင် မိတ်ဖက်ကော်မတီ အသိပေး

စစ်အုပ်စုက သတင်းမှားများဖြန့်ဖြူးနေ၍ ပြည်သူများ မရှင်းလင်းပါက ဆက်သွယ်မေးမြန်းနိုင်ဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်နှင့်ပတ်သက်ပြီး စစ်အုပ်စုက သတင်းမှားများဖြန့်ဖြူးနေ၍ ပြည်သူများအနေဖြင့် KNUနှင့် PDFများအကြား ညီညွတ်မှုကို သံသယမဖြစ်ကြရန် KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အုပ်စုဘက်က အကောင့်အမျိုးမျိုးဖြင့် ဝါဒဖြန့်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

KNUက NUG ခိုင်းသမျှ လုပ်ဆောင်နေရသည်ဟု လုပ်ကြံသတင်းလွှင့်ခြင်း၊ KNU တပ်မဟာ(၁)မှ PDFနှင့် ပူးပေါင်းပြီး ပြန်ပေးဆွဲနေသည်ဟု လုပ်ကြံသတင်းလွှင့်ခြင်း၊ KNU တပ်မဟာ(၁) သထုံခရိုင် ခေါင်းဆောင်များကစေခိုင်း၍ PDF တပ်ဖွဲ့က ပြန်ပေးဆွဲပြီး ခရိုင်၊ တပ်မဟာခေါင်းဆောင်များအား ငွေကြေးပေးရသည်ဟု လုပ်ကြံသတင်းလွှင့်ခြင်း ၊ PDFနှင့် LDF အကြား ပဋိပက္ခရှိနေသည်ဟု နံမည်တပ်ပြီး လီဆယ်ရေးသားနေခြင်းတို့ကြောင့် ယခုကဲ့သို့ ပြည်သူလူထု သိရှိနိုင်စေရန်အသိပေး ခြင်းဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးရုံးတာဝန်ရှိသူက ပြောသည်။

ထိုသို့ ဝါဒဖြန့်သည့် အကောင့်များကို လေ့လာရာ၌ ဖော်လိုဝါ နှင့် လိုက်(ခ်)အနည်းငယ်သာရှိကြောင်း ယင်းအကောင့်များကို ဖော်ပြပါက ၎င်းအကောင့်ပိုင်ရှင်များအတွက်အခွင့်အရေးရသွားနိုင်၍ မိတ်ဖက်ကော်မတီ အနေဖြင့် စုပေါင်း၍ သဘောထား ထုတ်ပြန်ခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့က တစ်ဖက်က စည်းလုံးမှုတည်ဆောက်နေတယ် သူတို့ကလည်း တစ်ဖက်ကနေပြီးတော့ ကျွန်တော်တို့ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်လုပ်တဲ့ ပုံစံမျိုးတွေ အစပျိုးလာတာ တွေ့ရတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအကောင့် ပိုင်ရှင်တွေကို သွားပြီး ဟိုက်လိုက်လုပ်ပြလိုက်ရင် သူတို့ အနေနဲ့ ခွင့်အရေး တစ်ခုရသွားမလားပေါ့ အဲဒါကြောင့် ခြုံပြီးတော့ ဒီလို ထုတ်ပြန် ကြေညာချက်ကို အားလုံး မိတ်ဖက်ကော်မတီဝင်တွေရော တပ်မဟာ၊ ခရိုင် ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။” ဟု မိတ်ဖက်ကော်မတီ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

အကယ်၍ ယုံမှား သံသယရှိစရာများ တွေ့ရပါက ကော်မတီသို့ ဆက်သွယ်နိုင်သည်ဟုထုတ်ပြန်ကာ ဆက်သွယ်ရမည့် လိပ်စာနှင့် ဖုန်းနံပါတ်များကို အသိပေးထားသည်။

“ပြည်သူလူထု အနေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ စည်းလုံးညီညွတ်မှုတွေအပေါ်မှာ သံသယမဖြစ်ဖို့နဲ့ တစ်ဖက် စစ်လော်ဘီ အုပ်စုကနေ ကျွန်တော်တို့ အပေါ်မှာ ယုံမှား သံသယဖြစ်အောင်လုပ်နေကြတာ အများကြီးရှိတယ်ဆိုတာနားလည်သဘောပေါက်ဖို့ ပေါ့လေ”ဟု မိတ်ဖက်ကော်မတီ တာဝန်ရှိသူက ပြောကြားသည်။

KNU သထုံခရိုင် တပ်မဟာ(၁)ဒေသတွင်းရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ပါဝင်ပြီး တပ်ပေါင်းစုအသွင်ဖြင့် ဖွဲ့စည်းထားကြောင်း၊ မိတ်ဖက်များကြားလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ စီရင်ထုံးများသည်လည်း အထင်အရှားရှိပြီးဖြစ်ကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများ၏အိမ်နှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများပြုလုပ်လာသည်ဟု ကိုနွေဦးက ပြောသည်။

သတင်း

အနီးပတ်ဝန်းကျင်တွင် နေထိုင်သောပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ ရဲတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီတပ်နှင့်အတူပါလာသော ပျူစောထီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။