Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်မြို့ရှိ ဇော်ချောင်းရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့

အဆိုပါ ဇော်ချောင်းရွာတွင် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က အသိပေးထားသည်။

ကိုးတောင်ဘို့ တိုက်နယ်ရှိ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကိုးတောင်ဘို့ တိုက်နယ်ရှိ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

လေးကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး ယခင်က အိမ်ခြေ ၁၀၀ခန့် ပျက်စီးထားဟုဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့တွင် ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံက ပြောကြားသည်။

ကန့်ဘလူနယ် ကိုးတောင်ဘို့ တိုက်နယ်ရှိ ဇော်ချောင်းရွာကို အောက်တိုဘာ ၆ရက် နံနက် ၁၁နာရီခွဲတွင် မီးရှို့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မသိရသေးဟု ၎င်းက ဆိုသည်။

“စစ်ကောင်စီဘက်က မစားရတဲ့အမဲ သဲနဲ့ပတ်ဆိုသလိုပေါ့ဗျာ။ သူတို့ဘက်က နယ်မြေစိုးမိုးမှု ဘယ်လိုမှ မရတော့တဲ့ အနေအထားဆိုတော့ ပြည်သူတွေ ကြပ်တည်းလာအောင်၊ ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့လို့ မရအောင် ရွာတွေကို မီးရှို့နေတာလို့ မြင်ပါတယ်ဗျ”ဟု ဒေသခံက ပြောသည်။

ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့သည်မှာ ယခုတစ်ကြိမ် အပါအဝင် လေးကြိမ်ရှိပြီဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြထားသည်။ ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုတွင် နေအိမ် တစ်လုံး၊ ဒုတိယ အကြိမ်၌ နေအိမ် ၉၃လုံး၊ တတိယ အကြိမ်၌ နေအိမ် သုံးလုံး ပျက်စီးခဲ့ရပြီး ယခုလေးကြိမ်မြောက် ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဟု ဆိုသည်။

အဆိုပါ ဇော်ချောင်းရွာတွင် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဥသျှစ်ကုန်းရွာကို အောက်တိုဘာ ၁ရက်က မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၃၀ရက်ကလည်း လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယ အကြိမ် မီးရှို့ခဲ့သည်ဟုဆိုသည်။ ကန့်ဘလူမြို့နယ်တွင် ဩဂုတ်လမှစ၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေရာ အင်္ငုတ္တို၊ ပင့်သာ၊ ညောင်ကုန်း၊ ဇီးကနား၊ ပေကုန်း(မ)၊ လျှော်ဖြူကုန်း၊ ဇော်ချောင်း ရွာများ မီးရှို့ခံခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ ဖော်ပြချက်များ၌ တွေ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ ကေအဲန်ယူ-မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း စစ်ကောင်စီတပ်များမှ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု ကေအဲန်ယူမှ ထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီစစ်ကြောင်းသည် ဓားစာခံအဖြစ် ဒေသခံပြည်သူ ၁၂ဦးကို ဖမ်းဆီးခေါ်ဆောင်၍ မုံရွေးကြေးမုံရွာမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အား ဆက်သွယ်ရေး၊ အစားအသောက် ရိက္ခာ၊ကုန်ပစ္စည်း၊ လမ်းကြောဖြတ်တောက်ခြင်းပြုလုပ်နေသည်ဟု ဒေသခံများက ယူဆ​ကြသည်။

သတင်း

မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ စစ်ကောင်စီ ယာဉ်တန်းကို စောင့်ဆိုင်းပြီး မိုင်း ၃ လုံးနဲ့ ကြိုတင်တိုက်ခိုက်ဖို့စီမံခဲ့ပေမယ့် ၁ လုံးသာဖောက်ခွဲနိုင်ခဲ့တယ်လို့သိရပါတယ်။