မန္တလေး − ပြင်ဦးလွင် လမ်းပိုင်း ထုံးဘိုအကျော် မိုင်တိုင် ၁၁ နားမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ပဒေသာ မိုင်း နဲ့ မနေ့က ညနေပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်လိုက်တယ်လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ က ထုတ်ပြန်ပါတယ်။
မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ စစ်ကောင်စီ ယာဉ်တန်းကို စောင့်ဆိုင်းပြီး မိုင်း ၃ လုံးနဲ့ ကြိုတင်တိုက်ခိုက်ဖို့စီမံခဲ့ပေမယ့် ၁ လုံးသာဖောက်ခွဲနိုင်ခဲ့တယ်လို့သိရပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရနိုင်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ က ဆိုထားပါတယ်။
ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တွေဟာ အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်တယ်လို့သိရပါတယ်။
