ဆန္ဒပြပွဲမှာ ဖမ်းခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ အသက် ၂၆ နှစ်အရွယ် တိုရုကူဘိုတာကို စစ်ကောင်စီ စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်လို့ ဂျပန်သတင်းဌာနတွေက ဖော်ပြပါတယ်။
ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃နှစ် ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။
တိုရုကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တောင်ဒဂုံမြို့နယ်က ဆန္ဒပြပွဲကို မှတ်တမ်းတင်နေချိန် ဖမ်းခံလိုက်ရတာပါ။
သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက စစ်ကောင်စီကိုတောင်းဆိုထားတာရှိပါတယ်။
စစ်ကောင်စီဘက်ကတော့ တိုရုကူဘိုတာဟာ တိုးရစ်ဗီဇာနဲ့ ဝင်လာပြီး ဆန္ဒပြမှုမှာပါဝင်လို့ဖမ်းဆီးတာဖြစ်ကြောင်း ဆိုထားပါတယ်။
ဒါကြောင့် တိုရုကူဘိုတာကို ဗီဇာစည်းကမ်းချိုးဖောက်မှု လဝက ဥပဒေနဲ့လည်း စစ်ကောင်စီက တရားစွဲထားတာရှိပါသေးတယ်။
တိုရုကူဘိုတာကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရရဲ့တောင်းဆိုမှုအပေါ် အမှုပြီးပြတ်မှ လုပ်ဆောင်သင့်တာ ဆက်လုပ်မယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားတာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်းကလည်း ဖမ်းဆီးခဲ့တဲ့ ဂျပန်သတင်းထောက် ခီတာဇုမိ ယူကီ ကို စစ်ကောင်စီဟာ ပြန်လွှတ်ပေးခဲ့တာရှိပါတယ်။
