ဧည့်စာရင်းလာတိုင်သူအချို့ ထိခိုက်သည့်အပေါ် စိတ်မကောင်းဟု YUA ဆို
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၂၆)ရပ်ကွက် ကျောင်းကုန်းအုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြေအောက်တော်လှန်ရေးအင်အားစု(YUA) က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ယနေ့(အောက်တိုဘာ ၅)ရက်ညနေ ၃ခန့်က YUA အဖွဲ့ Generation Z Defence Force – GZDF အဖွဲ့က အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရပ်ကျေးစာရေးတစ်ဦး ထိခိုက်သည့်အပြင် ဧည့်စာရင်းလာတိုင်သည့် ပြည်သူအချို့လည်း ထိခိုက်ခဲ့ကြောင်း YUA က ပြောသည်။
ယခုကဲ့သို့ ပြည်သူအချို့ထိခိုက်ခဲ့သည့်အပေါ် GZDF အနေဖြင့်တောင်းပန်ပြီး YUA အနေဖြင့်လည်း စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။
“အဓိက ကတော့ စကစ နဲ့ ပတ်သတ်တဲ့ နေရာဌာနတွေကို အများပြည်သူတွေ အနေနဲ့ တတ်နိုင်သမျှ ရှောင်ရှားပေးဖို့ပါပဲ”ဟု YUA မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။
‘ရန်ကုန်ဟာ ငါတို့ရန်ကုန်’၊ ‘လုံးဝအုပ်ချုပ်ခွင့်မရစေရ’၊ ‘ရန်ကုန်မှာ ငါတို့ ဆက်ရှိနေမယ်’၊ “ပြည့်သူကမ်းလက်များ” စစ်ဆင်ရေး ထပ်လာဦးမည်ဖြစ်ပြီးအာဏာ ရှင်စနစ်အလုံးစုံ ပျက်သုန်းရမည်ဟု YUA က ကြွေးကြော်ထားသည်။
