‘နန်းထိုက်အောင်စစ်ဆင်ရေး‘အဖြစ် ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်း အမှတ် (၄၄၀)အား (၄၀)မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၄ ရက်) ည ၇ နာရီခန့်က ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ခြေမြန်တပ်ရင်းအမှတ် (၄၄၀) ဂိတ်ကင်းပုန်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗိုလ်မိုက်ခဲဦးဆောင်သည့် ကျောက်ကြီးမြို့ပြ ပျောက်ကျားအဖွဲ့မှ (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။
“ထိုပစ်ခတ်မှုတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ဆက်တွဲ ထိ ခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကိုအတည်ပြုဆဲဖြစ်ပါ သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မြို့ပြပျောက်ကျားအဖွဲ့ဝင်များအနေဖြင့် ဘေးကင်းရာသို့ အောင်မြင်စွာပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီးဖြစ်ပါသည်”ဟု ရန်ကုန်စစ်ဒေသခွဲက ပြောသည်။
ပဲခူးတိုင်းအတွင်းရှိ မြို့ပြ ပျောက်ကျားတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုထက်ပိုမိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အနီးနားမှ သွားလာနေထိုင်ခြင်းမပြုကြပါရန် တိုက် တွန်းထားသည်။
