Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အဂတိအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလာမယ့် အပတ်မှာ စစ်ကောင်စီထောင်ထပ်ချဖို့ရှိနေ

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။

အဂတိအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလာမယ့် အပတ်မှာ စစ်ကောင်စီထောင်ထပ်ချဖို့ရှိနေ
အဂတိအမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလာမယ့် အပတ်မှာ စစ်ကောင်စီထောင်ထပ်ချဖို့ရှိနေ

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဂတိနဲ့ စွဲဆိုခံထားရတဲ့အမှုကို လာမယ့် ဗုဒ္ဓဟူးနေ့ ( အောက်တိုဘာလ ၁၂ ) မှာ အမိန့်ချမယ်လို့သိရပါတယ်။

အဲဒီအမှုကို နေပြည်တော် အချုပ်ထောင် တွင်းတရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်မှာ အမိန့်ချ ဖို့ ရက်ချိန်းပေးခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။

အမှုအတွက် ဦးမောင်ဝိတ် ထွက်ဆိုခဲ့တဲ့ ရုပ်သံဖိုင်ကိုလည်း စစ်ကောင်စီက ဝါဒဖြန့်ဖူးပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင် အတွက် အမေရိကန် ဒေါ်လာ ၅ သိန်းခွဲကို စာအိတ်ထဲ ထည့်ကာ ၄ ကြိမ် ခွဲပေးခဲ့ရတယ်လို့ထွက်ဆိုထားပါတယ်။

တရားခွင်မှာလည်း အဲဒီအတိုင်းထွက်ဆိုခဲ့ပါတယ်။ သက်သေအဖြစ် လာရောက်ထွက်ဆိုတဲ့တရားခွင်မှာ ဦးမောင်ဝိတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ လကုန်ပိုင်းကတင် အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချထားပါသေးတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၃ နှစ်ချထားပြီး ထောင်ထပ်ချဖို့ တရားစွဲထားတဲ့အမှုတွေလည်းကျန်ရှိနေပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လမ်းပိုင်းပျက်စီးသွားခြင်းကြောင့် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ် ရေး၊ လမ်းသွားလာရေးခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

သတင်း

ဖမ်းဆီး‌ခေါ်ဆောင်သွားခြင်း ခံရသူများအတွက် မိသားစုဝင်များက ထမင်း၊အဝတ်အစားပို့ရန် တပ်နှင့်ရဲစခန်းများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း စုံစမ်း၍မရသေးကြောင်း ​ဒေသခံများက ပြောသည်။