စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းနှင့် မုံရွာ – အရာတော်လမ်းများအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာ ချက်ထုတ်ပြန်သည်။
ယနေ့ (အောက်တိုဘာ၄ ရက်) နံနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး စစ်ရေးအခြေအနေအရ ခရီးသွားပြည်သူများလုံခြုံဘေးကင်းရန်အတွက် လမ်းအသုံးပြုမှု ခေတ္တရပ်နားထားကြရန် ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။
အိမ်စီးကားများ မှန်ချမောင်းနှင်ရန်၊ တွဲကားများမိုးကာမအုပ်ဘဲ မောင်းနှင်ရန် God Of Monywa က အသိပေးသည်။
တားမြစ်ထားသည့်ကြားမှ ဖြတ်သန်းသွားလာသည့်ယာဥ်များ၏ လုံခြုံရေးအား တာဝန်ယူမည်မဟုတ်ကြောင်း PDF South Monywa က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ၂ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ် စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသည်။
