မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့သည်ဟု မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်း(MSDF-S)က သတင်းထုတ်ပြန်သည်။
ယနေ့ (ဩဂုတ် ၃ရက်) ညနေပိုင်း၌ MSDF-S စစ်ကြောင်းနှင့် စစ်ကောင်စီ၏ ခလရ (၃၁)တပ်တို့ နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးပြီး MSDF-S ဘက်က ရဲဘော် နှစ်ဦးကျ ဆုံးခဲ့ကြောင်း အသိပေးထားသည်။ အင်အားမမျှ၍ ကာကွယ်ရေး ရဲဘော်များ လုံခြုံရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

MSDFသည် စက်တင်ဘာလဆန်းပိုင်းက ခေါဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရဲစခန်းကို တိုက်ခိုက်သည့် စစ်ဆင်ရေးသည် MSDF၏ ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး ယခုတွင်လည်း စစ်ကောင်စီတပ်နှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။



MSDFကို စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဟု သံဓိဌာန်ချထားသည့် မွန်လူမျိုးများနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး MSDF ကိုမေးမြန်းရန်ဆက် သွယ်ရာ ဆက်သွယ်၍ မရသေးပေ။
