လောင်းလုံမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ကျောက်မတ်တပ်ရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီလက်ပါးစေ ပျူစောထီး ၄ဦး သေဆုံးခဲ့ပြီး လက်နက် ၂လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ယနေ့သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်က ကျောက်မတ်တပ် ကျေးရွာ အနီး ဆက်ကြေးကောက်ခံပြီး ပြန်လာသည့်ပျူစောထီးများကိုလောင်းလုံပကဖများကတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

ပျူများသေဆုံးထိခိုက်မှုများပြီး စစ်ကောင်စီတပ်ကစစ်ကူရောက်လာရာပျူ အလောင်းများနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိသော ပျူစောထီးများအား ကားပေါ်တင်ယူဆောင်သွားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာအား လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းခဲ့ရာ ကာဘိုင် ၁လက်၊ လက်လုပ်သေနတ်တစ်လက် ၊ကျည်ကတ်(၄)ကတ်၊ကျည်(၆၆)တောင့်၊၁၆ကျည်အတို (၁)ကတ်၊ AKကျည်(၁)ကတ် နှင့် ဦးထုတ်(၁)လုံး တို့ကိုသိမ်းဆည်းရရှိခဲ့သည်ဟု ဓါတ်ပုံနှင့်တစ်ကွအသိပေးထားသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သပ်၍ လောင်းလုံပကဖ သို့ People’s Springက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။ အဆိုပါတိုက်ပွဲတွင် ပျူများသေဆုံးထိခိုက်မှု အခြေအနေကိုလည်း People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
အဆိုပါ ချစ်စမ်းမောင်ဦးဆောင်သောပျူစောထီး အဖွဲ့သည် ကျေးရွာအားမီးရှို့မည်ဟု ပြည်သူများအား အမြဲလိုလို ခြိမ်းခြောက် ပြောဆိုနေပြီး အကြမ်းဖက်လုပ်ရပ် ဆက်တိုက်ကျူးလွန်နေသည့်အဖွဲ့ဖြစ်ပြီး ။ဆက်လက်၍ စစ်ကောင်စီ နှင့် လက်ကိုင်တုတ်များအား အလျဉ်းသင့်သလို ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်းလောင်းလုံPDFကသတိပေးထားသည်။
ပြည်သူများ အနေဖြင့်လည်း ပွဲလမ်းသဘင်များ၊ ခရီးသွားလာခြင်း များမပြုရန် စစ်ကောင်စီ လက်ကိုင်တုတ်များနှင့် ဝေးဝေးရှောင်ပေးကြရန် လောင်းလုံပကဖက မေတ္တာရပ်ခံထားသည်။
