စစ်ကိုင်းတိုင်း၊ အရာတော်နှင့် ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပြီး ကျေးရွာချင်းဆက်လမ်းတစ်ခု ပြုပြင်ခဲ့သည်။
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နဂါးနီတပ်ဖွဲ့၊ ဝက်လက်နယ် ရွှေမင်းသားတပ်ဖွဲ့ တော်လှန် ရေးရဲဘော်များနှင့် ကျေးရွာပြည်သူလူထုပူးပေါင်းကာ ပြည်သူများ သွားလာရေးအဆင် ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်းတစ်ခုအား ပေ ၃၀၀၀ခန့် ပြုပြင်ပြီးစီးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာ၂ ရက်)တွင် သတင်းထုတ်ပြန်သည်။






ပါဝင်အားဖြည့်ကူညီကြသော ပြည်သူလူထုနှင့် စားသောက်ဖွယ်များ ကျွေးမွေးကြသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း အရာတော်ပကဖအဖွဲ့က ရေးသားထားသည်။
နယ်ချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များအားကောင်းရာ အရာတော်နှင့် ဝက်လက်မြို့နယ်များသည် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖျက်ဆီးသတ်ဖြတ်မှုများ မကြာခဏ ကြုံခဲ့ရသည်။
