ယာဥ်အနည်းငယ်ထိပြီး ပျူစောထီးတစ်ဦးဒဏ်ရာရ
တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကောင်စီတပ် ယာဥ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်အနည်းငယ်ထိပြီး ပျူစောထီးတစ်ဦးဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ပြောသည်။
ယနေ့(စက်တင်ဘာ ၃၀)နေ့လယ် ၁၂ နာရီ ၂၅မိနစ်ခန့်က ပုလောမြို့နယ် ထမင်းမစားကျေးရွာနှင့် နန်းပရုပ်ကျေးရွာ အကြားတွင် သရက်ချောင်းမြို့ဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်မှ ယာဥ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)က ပြောသည်။

“လူကိုပဲ ထိတာ။ ကားကတော့ နည်းနည်းပဲထိတယ်။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာရှိပေမယ့် အပြန်အလှန် ပစ်ခတ်တာမရှိခဲ့ဘူး”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ကားပေါ်တွင်ပါလာသည့် ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
