လက်ယက်ကုန်းရွာ စာသင်ကျောင်းကို မြန်မာစစ် တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ကျောင်းသားကလေးငယ်များ အစုအပြုံလိုက် သေဆုံးစေခဲ့သည့်ဖြစ်စဉ်အပေါ် တောင်ကိုရီးယားပြည်သူများက ယနေ့(စက်တင်ဘာ ၂၉)တွင် အွန်လိုင်းမှ ဓာတ်ပုံကမ်ပိန်းများ ပြုလုပ် ခဲ့သည်။

“ငါသည် ကလေးတွေကို သတ်ဖြတ်သည့် မြန်မာစစ်တပ်ကို လုံးဝ ခွင့်မလွှတ်…”ဟု အဓိပ္ပယ်ရ သောစာသားကို ကိုရီးယားဘာသာဖြင့် ရေးသားထားသည့် ဓာတ်ပုံအား ကိုင်ဆောင်၍ ကိုရီးယားပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့ခြင်းသည်။

ပညာသင်ကြားနေကြသည့် ကလေးငယ်များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည့် မြန်မာစစ်တပ်သည် လူမဆန်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သောကြောင့် ယခုလို အွန်လိုင်းဓာတ်ပုံကမ်းပိန်းပြုလုပ်ရခြင်းဖြစ်ကြောင်း ကမ်းပိန်းတွင်ပါဝင်သည့် ကိုရီးယားပြည်သူတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာ၂၁ ရက်ကလည်း တောင်ကိုရီးယားနိုင်ငံ ဂျိုဂဲဗုဒ္ဓဘာသာဂိုဏ်းမှ ဘုန်းတော်ကြီးများ၊ ဆိုးလ် မေ ၁၈ဖောင်ဒေးရှင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက မြန်မာစစ်တပ်ကို ကန့်ကွက်ရှုတ်ချသည့် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြပွဲအား ဆိုးလ်မြို့မြန်မာသံရုံးရှေ့၌ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ကလည်း ဆိုးလ်မြို့ရှိ စစ်သံရုံးနှင့် မြန်မာသံရုံးရှေ့များတွင် ကန့်ကွက်ရှုတ်ချသည့် ချီတက်ဆန္ဒပြပွဲများ၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ကြသလို ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း (၁၆၁)ဖွဲ့မှ စစ်အုပ်စုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း စာထုတ်ကာ မြန်မာသံရုံးများသို့ ပေးပို့ခဲ့ကြသေးသည်။
