ပြည်သူနှစ်ဦးကို စစ်အုပ်စုက ပစ်သတ်ဟုဆို
ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် သိမ်ကြီးစျေးအနီး သိမ်တော်ကြီးနားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီလက် အောက်ခံရဲတွေကို အမည်မသိလက်နက်ကိုင်တစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတစ်ဦးသေဆုံးသွားတယ်လို့ ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတွေက ပြောပါတယ်။
ဒီကနေ့ (စက်တင်ဘာ ၂၉ ရက်) ညနေ ၃ နာရီခွဲကျော်ကျော်လောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအပြီးမိနစ်ပိုင်းအတွင်း စစ်ကောင် စီတပ်တွေရောက်ရှိလာပြီး ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ပြောဆိုကြပေမယ့် People’s Spring အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျည်ထိမှန်ခဲ့သူနှစ်ဦးဟာ ဆိုက္ကားဆရာတစ်ဦးနှင့် အခြားအရပ် သားတစ်ဦးဖြစ်ပြီး ရဲတွေကိုဝင်ပစ်တဲ့ အဲဒီလူတွေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဆိုက်ကားနဲ့လာပစ်တယ်ဆိုတာ ဟုတ်နိုင်လား စဉ်းစားကြည့်ပါ။ စစ်အာဏာရှင်ကို ဝောာ်လှန်နေတယ်ဆိုကတည်းက အသိဉာဏ်ရှိလို့ပါ၊ အပြစ်မဲ့ပြည်သူကိုသတ်ပြီးဖုံးဖို့ကြိုးစားနေတာပဲဖြစ်ရမယ်”လို့ စစ်ကောင်စီတပ်ရဲ့ ရမ်းကားပစ်ခတ်မှုအပေါ် ဒေသခံပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
လက်ရှိမှာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ သိမ်တော်ကြီးရှိသည့် မဟာဗန္ဓုလလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ယာဥ်များအား တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
