Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့၌ ပစ်ခတ်မှု ဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိ

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

မင်းတပ်မြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl-Mindat
မင်းတပ်မြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl-Mindat

ချင်းပြည်နယ် မင်းတပ်မြို့၌ ယနေ့(စက်တင်ဘာ ၂၉ရက်)နံနက်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးက အသိပေးထားသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေများကို ဖော်ပြလေ့ရှိသည့် ဒေသခံတစ်ဦးက ယနေ့နံနက်တွင် မင်းတပ်မြို့၌ ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်များ ထိတွေ့မှု ဖြစ်ခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားသည်။

“မင်းတပ်မြို့ တိုင်းရင်းဆေးနားတစ်ဝိုက် စခများ ခြေရှုနေကြပါတယ်။ ယနေ့နံနက် CDF ရဲဘော်များနှင့် စစ်ခွေးများ ထိတွေ့မှု ဖြစ်၊ စခတစ်ကောင် ပက်လက်လန်ဂန့်၊ ပစ်ခတ်သံတွေတော့ တည်ငြိမ်သွားပါပြီ”ဟု မင်းတပ် ဒေသခံက အသိပေးထားသည်။

ပစ်ခတ်မှု ဖြစ်ပွားရာအနီး စစ်ကောင်စီတပ်က ကင်းပုန်းများချထားပြီး တပ်ဖြန့်နေကြောင်း၊ အစစ်အဆေး တင်းကြပ်နိုင်ပြီး ရမ်းသမ်းဖမ်းဆီးမှုများရှိနိုင်၍ ဂရုစိုက်သွားလာကြရန် သတိပေးထားသည်။

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်ကလည်း မင်းတပ် CDF အနေဖြင့် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာကို တစ်ရက်အတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

သတင်း

ယမန်နေ့(စက်တင်ဘာလ ၂၈ရက်)တွင်လည်း စစ်ကောင်စီတပ်က ထနောင်းတောတောင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force - (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။