Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး LGBT Union ဥက္ကဋ္ဌအပါအဝင် လူငယ် သမဂ္ဂဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လေးဦး အဆက်အသွယ်ပြတ်နေ၊ ဖမ်းဆီးခံရပြီဟု ယူဆ

LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာတွင် စစ်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဖဲကြိုးနက်ကမ်ပိန်းမှာ ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည့် နောက်ဆုံးလှုပ်ရှားမှု ဖြစ်သည်။

(LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဖဲကြိုးနက်ကမ်ပိန်းအား တွေ့ရစဥ်)
(LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဖဲကြိုးနက်ကမ်ပိန်းအား တွေ့ရစဥ်)

LGBT Union Mandalay ဥက္ကဋ္ဌအပါအဝင် လူငယ်သမဂ္ဂဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လေးဦး ယနေ့(စက်တင် ဘာ ၂၇)ညပိုင်းမှစပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း အရေးပေါ် ထုတ်ပြန်လိုက်သည်။

အဆက်အသွယ်ပြတ်တောက်နေသူ ငါးဦးမှာ LGBT Union Mandalay ၏ ဥက္ကဋ္ဌဖြစ်သူ ဂျက်စတင်မင်းဟိန်း(ခ)ဟိန်းမင်းထက်၊ လူငယ်သမဂ္ဂဗဟိုဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁)၊ ဒုဥက္ကဋ္ဌ (၂)နှင့် တွဲဖက်အတွင်းရေးမှူး စသူတို့ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“၂ ဖွဲ့ပေါင်း ၅ ယောက်ပါ၊ ဂျက်စတင်အပါအဝင်။ အား လုံး(အဖမ်းခံရတယ်)ယူဆပါတယ်။ သေချာသလောက်ဖြစ်နေပါပြီ”ဟု LGBT Union Mandalay ယာယီအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

LGBT Union Mandalay ၏ဥက္ကဋ္ဌ ဂျက်စတင်မင်းဟိန်းသည် လူငယ်သမဂ္ဂဗဟိုနှင့်အတူ ရန်ကုန် မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးမြေပြင်သပိတ်များ ပူးပေါင်းလုပ်ဆောင်နေစဥ် ယခုကဲ့သို့ အဆက် အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါယာယီအုပ်ချုပ်ရေးကော်မတီဝင်က ရှင်းပြသည်။

“လူထုလှုပ်ရှားမှုတွေဟာ နိုင်ငံရေးရဲ့ အသက်တမျှအရေး ကြီးပါတယ်။ ဒါကြောင့်လည်း ဖမ်းခံရနိုင်တယ်။ ပစ်သတ်ခံရနိုင်တဲ့ကြားထဲက စစ်အာဏာ ရှင်ကို ခြောက်ပေမဲ့ မကြောက်ဘူးဆိုတဲ့အတိုင်း လုပ်နေကြတာပါ။ ပြည်သူတွေအ‌နေနဲ့ လမ်းမပေါ်က သပိတ်တွေကို အားပေးပါ။တစ်ယောက်ဖမ်းခံရရင် ၁၀ ယောက်ထပ်ထွက်မယ်။ တော်လှန် ရေး မပြီးအချင်း LGBT တွေဟာ ပြည်သူနဲ့အတူ တိုက်ပွဲဝင်နေမှာ”ဟု LGBT Union Mandalay က သတင်းစကားပါးသည်။

LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာတွင် စစ်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဖဲကြိုးနက်ကမ်ပိန်းမှာ ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည့် နောက်ဆုံးလှုပ်ရှားမှု ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"၂ ဖွဲ့ပေါင်း ၅ ယောက်ပါ၊ ဂျက်စတင်အပါအဝင်။ အား လုံး(အဖမ်းခံရတယ်)ယူဆပါတယ်။ သေချာသလောက်ဖြစ်နေပါပြီ"ဟု LGBT Union Mandalay ယာယီအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

သတင်း

တောင်သာနယ်သည် စစ်တပ်၏ ဝန်ကြီးဟောင်း ဦးအောင်သောင်းဇာတိဖြစ်ပြီး ယခင်က ပြည်ခိုင် ဖြိုးထောက်ခံသူများပြားခဲ့သည့် နယ်တစ်ခုဖြစ်ခဲ့သည်။

သတင်း

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာမည်ဆိုပါက ဖြစ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်သလိုထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း People's Defence Force - South Monywaက အသိပေးထားသည်။

သတင်း

အောင်မြေစစ်ဆင်ရေးကို စက်တင်ဘာ ၂၄ ရက်မှ စတင်ပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးပြီးချိန်အထိ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။