‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၆)ထုတ်ပြန်သည်။
မိုင်းဆွဲတိုက်ခိုက်မှုများကို ယနေ့နံနက် ၇ နာရီ ၁၈ မိနစ်တွင် မြိတ်မြို့ဘက်မှလာသော စစ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက တပိုကျေးရွာနီးတွင်တစ်ကြိမ်၊ ၇ နာရီ ၅၃ မိနစ်တွင် ကျောက်ပုဇွန်တောင်အနီးတွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
“စစ်ဆင်ရေးဆင်နွဲသည့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက ထိခိုက်မှုမရှိ ပြန်လည် ခွာစစ်ဆင်နိုင်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စကစ ထိခိုက်သေဆုံးမှုကိုမူ အတည် ပြု၍ မရနိုင်သေးပေ”ဟု တနင်္သာရီစစ်ဒေသခွဲက အသိပေးသည်။
တနင်္သာရီတိုင်းအတွင်း နန်းထိုက်အောင်စစ်ဆင်ရေးကို ခတ်စိပ်စိပ်ဖော်ဆောင်လျှက်ရှိရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်ကိုတုတ် ဖက်စစ်တပ်၊ ပျူစောထီး၊ ၎င်းတို့နေထိုင်စခန်းချသော အဆောက်အအုံများနှင့် ခန့်ဝေးဝေးနေကြရန် အငိပေးထားသည်။
