ချင်းပြည်နယ် မတူပီမြို့နယ်တွင် ဒေသခံချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း မတူပီ CDF က ထုတ်ပြန်သည်။

မတူပီမြို့ နှင့် ငလိုင်ရွာကြားတွင် စက်တင်ဘာ ၂၅ရက် နံနက် ၈နာရီခွဲခန့်မှ ၁၁နာရီထိ ၂နာရီခွဲ ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။
မတူပီCDFနှင့် စစ်ကောင်စီတပ်တို့သည် စက်တင်ဘာ ၂၄ရက်တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

မတူပီ အခြေစိုက်စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်ရင်းမှ မတူပီ – ဟားခါးလမ်းသို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၄ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိသည်ဟု CDFက ထုတ်ပြန်ထားသည်။
