တနင်္သာရိတိုင်း လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ရဲထွေး (ခ) ရေခဲလုံးဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT က ယနေ့(စက်တင်ဘာ ၂၅) ထုတ်ပြန်သည်။
ယနေ့နံနက် ၆နာရီခွဲခန့်က အသက် (၃၅)နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ရဲထွေး(ခ)ရေခဲလုံးဆိုသူကို DDT တပ်ခွဲ (၃)မှ ရဲဘော်များက သေနတ်ဖြင့်(၁၀)ချက်ခန့် ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။
“၎င်းပျူစောထီးအဖွဲ့ဝင် ကိုရဲထွေး (ခ)ရေခဲလုံးသည် ဆိုးသွမ်းစာရင်းထဲမှာ ပါဝင်ပြီး တော်လှန်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူများကို ဖမ်းဆီးသတ်ဖြတ်ပြမည်ဟုလည်း အမြဲစိန်ခေါ်လေ့ရှိ၍ စစ်ကောင်စီနှင့် ပူး ပေါင်းပြီး ပြည်သူလူထုကို နည်းမျိုးစုံသုံးဒုက္ခပေးနေသောကြောင့် ကျွန်ုပ်တို့အဖွဲ့သားများက သုတ်သင်ရှင်း လင်းလိုက်ရခြင်း ဖြစ်ပါသည်”ဟု ဆိုသည်။
အထက်ပါ သုတ်သင်ရှင်းလင်းမှုသည် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT တပ်ခွဲ (၃)က ရဲဘော်များလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ကျေးရွာနေပြည်သူလူထုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထားသည်။
