စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းများဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာလ ၂၅ ရက်) မွန်းလွဲ ၂ နာရီ ၂၈ မိနစ်ခန့်က မုံရွာ – မန္တလေး လမ်းမကြီးပေါ် ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြားတွင် မန္တလေးမှ မုံရွာမြို့ဘက်သို့ လာသော စစ်ကောင်စီယာဥ် သုံးစီးအား ပဒေသာမိုင်း ၇လုံးခွဲကာ တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကာင်စီယာဥ်များအနက် နှစ်စီးမြောက် ယာဥ်မှာဘော်ဒီထိပြီး သုံးစီးမြောက်ယာဥ်မှာ ခေါင်းပိုင်းထိ၍ မှန်များကွဲကြေသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ထိခိုက်မှုများရှိကြောင်းသိရသည်ဟု PDF South-Monywa က ပြောသည်။

ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ -မန္တလေးလမ်းမကြီးပေါ်၌ပင် ဂွေးပင်တောရွာနှင့် ရေပိုးစားရွာကြား၌ ပထမ မိုင်းဆွဲလိုက်သောပွိုင့်အား ဖြတ်လာသည့် စစ်ယာဥ်တန်းအား ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywaက အသိပေးသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် သုံးစီးမြောက် ယာဥ်အား တည့်တည့်မတ်မတ်ထိကာ ရှေ့မဆက်နိုင်တော့ပဲ ထိုးရပ်သွားသည်ဟုဆိုပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ထိခိုက်သူများပြားကြောင်း PDF South Monywaက ပြောသည်။
အဆိုပါ စစ်ဆင်ရေးများအား People’s Defence Force – South Monywaနှင့်အတူ Monywa Ranger Group၊ Truth Army အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။
မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦး လမ်းပိုင်းအတွင်းတွင် စစ်ကောင်စီတပ်များ သွားလာနေ၍ မုံရွာ – ချောင်းဦး လမ်းပိုင်းကို ယခုအချိန်မှ ထပ်မံကြေညာချက်မထုတ်မီအချိန်အထိ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် People’s Defence Force – South Monywaက မေတ္တာရပ်ခံထားသည်။
လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာမည်ဆိုပါက ဖြစ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်သလိုထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း People’s Defence Force – South Monywaက အသိပေးထားသည်။
