မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် MG6ပြောက်ကျားတပ်ဖွဲ့အယောင်ဆောင်ကာ မသမာသူများက Tik Tok အသုံးပြု အလှူခံနေကြောင်း သတင်းရရှိသည်။
MG6ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)သည် Facebook page စာမျက်နှာမှလွဲ၍ မည်သည့်လူမှုကွန်ယက်စာမျက်နှာကမှ အလှူခံခြင်း၊တိုက်ပွဲနှင့်တော်လှန်ရေးလုပ်ငန်းစဥ်များအားအသုံးပြုခြင်းလုံး၀မရှိကြောင်း ၎င်းတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အသိပေးသည်။



MG6ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ Tik Tok စာမျက်နှာအတုတွင် ငွေအလှူခံခြင်းအပြင် MG6 Facebook စာမျက်နှာ၌ တင်ထားသော လှူဒါန်းမှုမှတ်တမ်းများနှင့် တိုက်ပွဲသတင်းများအပါအဝင် အခြားထုတ်ပြန်ချက်များအား ကူးယူတင်ထားသည်ကို တွေ့ရသည်။


ပုံပါ Tik Tok app လူမှုကွန်ယက်စာမျက်နှာသည် MG6ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏သုံးစွဲမှုမဟုတ်ကြောင်းနှင့် စစ်လော်ဘီအသိုင်း၀ိုင်းများ၏ပုံရိပ်ဖျက် အတုအယောင်များသာဖြစ်ကြောင်း MG6ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။
အတုယောင်သုံးစွဲသူများအား စုံစမ်းအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း MG6 ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က သတိပေးထားသည်။
