▪︎စက်တင်ဘာ တတိယပတ်မှစပြီး ကိုဗစ်ပိုးတွေ့ အတည် ပြုလူနာ နေ့စဥ် (၃၀၀)နှင့်အထက်ရှိနေ
မြန်မာနိုင်ငံတွင် ယခုစက်တင်ဘာ တတိယပတ်မှစတင်ပြီး ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၃၀၀)ဦးနှင့်အထက်ရှိလာကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
စက်တက်ဘာ ၁ ရက်စစ်ဆေးမှုများအရ ပို့တွေ့အတည် ပြုလူနာ (၈၄)ဦးသာရှိခဲ့ရာမှ စက်တင်ဘာ ၁၃ ရက်တွင် ပိုးတွေ့အတည်ပြုလူနာ (၃၈၄)ဦးတွေ့ရှိခဲ့ပြီး စက်တင် ဘာ ၁၄ ၊ ၁၇၊ ၁၈၊ ရက်များတွင် ပိုးတွေလူနာ (၃၀၀) အောက်ကျဆင်းခဲ့သော်လည်း ၁၉ ရက်နေ့မှ ၂၂ ရက် အထိ(၃၀၀)
အထက် ဆက်ရှိနေသည်ကို တွေ့ရသည်။ အထက်ပါစာရင်းမှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန အတည်ပြုသောစာရင်းသာ ဖြစ်ပြီး အမှန်တွင် အဆိုပါအရေအတွက်ထက်များစွာပိုနိုင်သည်။

ယနေ့ထုတ်ပြန်သော စက်တင်ဘာ ၂၂ ရက်စာရင်းအရ တစ်နိုင်ငံလုံးတွင် ပိုးတွေ့အတည်ပြုလူနာဦးရေ (၃၀၀)ဦးရှိရာ ယင်းအနက် ရန်ကုန်တိုင်းမှ (၁၄၈)ဦးဖြင့် အများဆုံးဖြစ်ပြီး (၃၃)ဦးဖြင့် နေပြည်တော်မှ ဒုတိယနှင့် (၂၃) ဦးဖြင့် မန္တလေးက တတိယ အသီးသီးဖြစ်သည်။
အလားတူ စက်တင်ဘာ ၂၁ ရက်က အတည်ပြုလူနာ (၄၆၉)ဦးရှိခဲ့ရာ ရန်ကုန်းတိုင်းမှ ပိုးတွေ့လူနာ (၂၁၅)ဦးဖြင့် အများဆုံးဖြစ်ကာ နေပြည်တော်မှ (၈၁)ဦးဖြင့် ဒုတိ ယအဆုံးဖြစ်ပြီး မန္တလေးမှ ပို့တွေ့လုနာ (၅၇)ဦးဖြင့် တတိယအများဆုံးဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာ ရေးဌာနစာရင်းများတွင် ဖော်ပြသည်။
စစ်ကောင်စီလက်အောက်တွင် ကျန်းမာရေးစောင့်ရေးစောင့်ရှောက်မှုစနစ်ပျက်ယွင်းနေပြီး ကိုဗစ်ကူးစက်မှုအခြေအနေမှန်ကိုသိရှိရန်ခက်ခဲသည်။
NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကလည်း မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။
ထို့ကြောင့် COVID-19 ရောဂါလက္ခဏာသံသယရှိပါက အိမ်တွင် အနည်းဆုံး (၅)ရက်သီးခြားနေထိုင်ရန်၊ (၁၀)ရက်အတွင်း အခြားသူများနှင့်စကားပြောရာတွင် Mask တပ်ရန်၊ အနားယူပြီး အရေများများသောက်ရန်၊ နီးစပ်ရာဆရာဝန် သို့မဟုတ် တယ်လီကျန်းမာကဲ့သို့ အခ မဲ့ အွန်လိုင်းဆေးခန်းများတွင် မေးမြန်းဆွေးနွေးရန် စသည်တို့ကို နှိုးဆော်ထားသည်။
