စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရန် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန် လိုက်သည်။
ရွှေလုပ်ငန်းအပြင် တရားမဝင် ရွှေမြေစာများ သယ်ဆောင်ခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် သစ်တောသယံဇာတများ ထုတ်ယူခြင်းအား မြို့နယ် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီမှ ပိတ်ပင်တားမြစ်လိုက်သည်ဟု ဖော်ပြထားသည်။
ယခု ထုတ်ပြန်သည့် အမိန့်သည် စက်တင်ဘာ ၂၁ ရက်မှစ၍ အတည်ဖြစ်ကြောင်း အသိပေးထားသည်။
မြို့နယ်အတွင်းရှိ ဒေသခံများ၏ လိုအပ်ချက်အရ မိမိအိမ်သုံးအတွက် သစ်၊ဝါးများ ထုတ်ယူလိုပါက မြို့နယ် သယံဇာတကော်မတီ သို့မဟုတ် သက်ဆိုင်ရာ ပအဖ အဖွဲ့ဝင်များထံ အကြောင်းကြားပြီး ကော်မတီ ၏ ခွင့်ပြုချက်ရပြီးမှသာ ထုတ်ယူခွင့်ပြုမည်ဟုလည်း ကြေညာခဲ့သည်။
