အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကမ္ဘောဒီးယားပြည်သူများနှင့် မြန်မာပြည်သူများ ပူးပေါင်း၍ ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် Credential Campaign ကို UN ရုံးချုပ်ရှေ့၌ ယမန်နေ့ (စက်တင်ဘာ ၂၃) ဆန္ဒဖော်ထုတ်ခဲ့ကြသည်။






အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဒေသစံတော်ချိန် ညနေ၄ နာရီမှ ညနေ ၅နာရီခွဲအထိ ကုလသမဂ္ဂရုံးချုပ်ရှေ့ရှိ Dag Hammarskjöld Plaza တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံရောက် မြန်မာများနှင့် ကမ္ဘောဒီးယားနိုင်ငံသားတို့က လူ့အခွင့်ရေး တရားမျှတမှုရှိရေး၊ ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနှင့် အပြစ်မဲ့ပြည်သူများလွတ်မြောက်ရေးတို့အတွက်လည်း တောင်းဆို ဆန္ဒပြခဲ့ကြသည်။


































