အာဏာသိမ်းစစ်ကောင်စီထုတ်ကုန်ဖြစ်သည့် ဘီယာအဖာပေါင်း ၁,၀၀၀ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးပြီး အများပြည်သူရှေ့၌ ဖျက်ဆီးခဲ့သည်ဟု Indaw Revolution က ဖော်ပြ သည်။
ယမန်နေ့(စက်တင်ဘာ ၂၂ရက်)က မန္တလေးမှ မြစ်ကြီးနားမြို့ဘက်သို့ သယ်ဆောင်လာသည့် စစ်ကောင်စီထုတ်ကုန် Myanmar Beer နှင့် Andaman Gold Beer အဖာရေ ၁,၀၀၀ကို အင်းတော်မြို့နယ် လမ်းပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။



အဆိုပါ ဘီယာဖာများကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
KIA အပါအဝင် တော်လှန်ရေးအင်အားစုများအနေ ဖြင့် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ ပြည်သူလူထုများကိုလည်း စစ်ကောင်စီထုတ်ကုန်များ သယ်ယူရောင်းချခြင်း သုံးစွဲခြင်းမပြုရန် တိုက်တွန်းအသိပေးထားသည်။ ဒေသအချို့တွင် စစ်ကောင်စီ ထုတ်ကုန် များ ရောင်းဝယ်ပါက အရေးယူမှုပြုလုပ်ခြင်းများလည်းရှိသည်။
