M22 သေနတ်တစ်လက်နက်နှင့် ကျည်ဘောက်များရရှိ
မန္တလေးတိုင်း တောင်သာမြို့နယ် လှည်းကူးမ ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ဆိုသူအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan Black Tiger (MBT)က ယနေ့(စက်တင်ဘာ ၂၃)ထုတ်ပြန် သည်။
လက်နက်အားကိုးဖြင့် ပြည်သူများအားအနိုင်ကျင့်ငွေတောင်းခြင်း၊ CDMများအား ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နေပါသောကြောင့် စက်တင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် အဆိုပါအုပ်ကြီးကို သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ရှင်းလင်းမှုအပြီးတွင် စစ်ကောင်စီခန့် အုပ်ကြီးထဲမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်”ဟု MBT က အသိပေးသည်။
အထက်ပါစစ်ဆင်ရေးကို Myingyan Black Tiger(MBT)၊ TTA ပြောက်ကျားတပ် (တောင်သာ)၊ The Value Of Young Man (တောင်သာ)၊ JKP 22 *Submachine Gun Production in Burma၊ Natogyi Regional Defence Force(မြေလတ်)စသည့် မဟာမိတ်တပ်ဖွဲ့များမှပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။
