Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မဟာ(၅)နယ်မြေကဆင်းလာသည့် စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၃)တို့ နှစ်ပတ်ကြာတိုက်ပွဲဖြစ်

စက်တင်ဘာ ၁၄ရက် ညနေပိုင်းတွင် လေယာဉ်ဖြင့် လေးကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး စက်တင် ဘာ၂၀ရက်တွင် လေယာဉ်ဖြင့်သုံးကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီး လေယာဉ်ဖြင့် ရိက္ခာပို့၊ စစ်အင်အားများထပ်ဖြည့်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေမှ ဆင်းလာသည့် စစ်ကောင် စီတပ်ကို KNU တပ်မဟာ(၃) တပ်ဖွဲ့ဝင်များက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲဖြစ်ပွားမှု ၂ပတ်ကြာမြင့်ကာ စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းလျက်ရှိကြောင်း KNUက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ရက်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် တပ်မဟာ(၅)ဘက်မှ အင်အား ၂၀၀ကျော်ဖြင့် ပြန်ဆင်းလာကာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ထိုးစစ်ဆင်၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၄ ရက် တွင် အင်အား ၁၅၀ခန့် အင်အားဖြည့်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်တွင် အင်အား ၅၀ ကျော်ထပ်မံ အင်အားဖြည့်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက် ညနေပိုင်းတွင် လေယာဉ်ဖြင့် လေးကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး စက်တင် ဘာ၂၀ရက်တွင် လေယာဉ်ဖြင့်သုံးကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၁ရက်တွင် စစ်သုံးထောက်ပို့ ရဟတ်ယာဉ်တစ်စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးအသုံးပြုပြီး ကျောက်ကြီးမြို့နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သားများအတွက် ရိက္ခာထုပ် ၉ထုပ် လာရောက်ပစ်ချပေးသွားသည်ဟု ဆိုသည်။

ညနေပိုင်း၌လည်း လေယာဉ်များဖြင့် ထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၃)နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ပတ် ကြာ တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးအခြေအနေများကိုမူ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ စစ်ကောင်စီတပ်အနေဖြင့် မြေပြင်တိုက်ပွဲများ၌ အထိနာပါက လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက် လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဒါရှုံ့ချတယ် ။ မလုပ်သင့်ဘူး ။လုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်”ဟု ယနေ့(စက်တင်ဘာ ၂၂ရက်) ပြောကြားသည်။

သတင်း

စက်တင်ဘာ(၂၀)ရက်ကလည်း စစ်ကောင်စီတပ်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းကို လေယာဉ်နှစ်စင်းနဲ့ လာရောက်ထောက်လှမ်းခဲ့ပြီး နေ့လည်တစ်နာရီခွဲမှာ ဃိုးလူကျေးရွာထဲကို လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

သတင်း

"ထိုလှုပ်ရှားမှုအပြီးတွင် ရခ (၇)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါ သည်"ဟု ထုတ်ပြန်ချက်က ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီယာဥ်တန်းသည် အရပ် သားကားများကို အကာအကွယ်ယူ၍ ကျိုက်ထိုမြို့မှ ဖြတ်သန်းရန်ကြိုးစားနေကြောင်းလည်း အသိပေးသည်။