ချင်းပြည်နယ်နှင့် မကွေးတိုင်း အစပ်တစ်နေရာတွင် ယမန်နေ့(စက်တင်ဘာ ၂၀ရက်)က တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) က သတင်းထုတ်ပြန်သည်။
ကန်ပက်လက် CDFတပ်ဖွဲ့ဝင်များသည် ထိန်းချုပ် နယ်မြေ နယ်စပ်နေရာဖြစ်သော မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် အပေါရွာဘက်သို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သတင်းရပြီး ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲမှာ ယမန်နေ့ မွန်းလွဲ ၃နာရီမှ စတင်ခဲ့ပြီး ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ငါးဦးထက်မနည်း သေဆုံးနိုင်ပြီးအလောင်း သုံးလောင်းကို ပြန်တမ်းဖြင့် သင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ MA ကျည် ၂၀၀ တောင့်၊ (၄၀) မမ ကျည် သုံးလုံး၊ ကျည်ကာ တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း ကန်ပက်လက် CDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
